ဘုရားသုံးဆူမြို့တွင် အသံဗုံးဟုယူဆသည့် အရာဝတ္ထုတစ်ခုပေါက်ကွဲ

ဘုရားသုံးဆူမြို့တွင် အသံဗုံးဟုယူဆသည့် အရာဝတ္ထုတစ်ခုပေါက်ကွဲ

ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့ အမှတ် (၄) ရက်ကွက်ရှိ အ.ထ.က စာသင်ကျောင်းအနီးအနားတဝိုက်တွင် ပြီးခဲ့သည့်ညပိုင်းက အသံဗုံးဟုယူဆရသည့် အရာဝတ္ထုတစ်ခုတစ်ခု ပေါက်ကွဲခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

မေလ ၆ ရက်နေ့ ည ၈ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် အမှတ် ၄ ရပ်ကွက်ရှိ တိုင်တစ်ရာဘုန်းတော်ကြီးကျောင်း ပတ်ဝန်းကျင်နှင့် အစိုးရအထက်တန်းကျောင်း အနီးအနားတဝိုက်နေရာများမှ ပြင်းထန်သောပေါက်ကွဲသံတစ်ခုကို ကြားမိလိုက်ကြောင်း ဘုရားသုံးဆူမြို့တွင် နေထိုင်သူတစ်ဦးက ပြောသည်။

၎င်းက “ရှီကနဲ ကောင်းကင်ပေါ် ထိုးတက်သွားတဲ့အသံနောက်မှာ အုံးကနဲ ပေါက်ကွဲသံထွက်လာတယ်၊ ထိုင်တစ်ရာကျောင်းတဝိုက်မှာလိုလို အထက်တန်းကျောင်းအနီးအနားမှာလိုလို ပန်းတန်းမှာလိုလို ဘယ်သူမှ နေရာအတိအကျမပြောနိုင်ဘူး၊ ထိခိုက်ပျက်စီးမှုလည်း ဘာမှမကြားမိဘူး”ဟုဆိုသည်။

သို့ရာတွင် ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မည်သူ (သို့မဟုတ်) မည်သည့်အဖွဲ့အစည်းလက်ချက်ဖြစ်သည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိပေ။  

အလားတူ လွန်ခဲ့သည့် သီတင်းပတ် (ဧပြီ ၂၈) တွင်လည်း ဘုရားသုံးဆူမြို့လယ်ရှိ အုပ်ချုပ်ရေးမှူးရုံးအနီး၊ ထိုင်းနယ်စပ်ချက်ပွိုင့်နှင့် ရပ်ကွက် (၃) ကားဝပ်ရှော့ရုံအနီး စသည့်နေရာ ၃ ခုတွင် မိနစ်ပိုင်းခန့်ခြားပြီး လက်လုပ်ဗုံး ၃ လုံးပေါက်ကွဲခဲ့ကြောင်း သတင်းဖော်ပြခဲ့သည်။

ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံတဝန်း မြို့ပေါ်နေရာများတွင် အသံမိုင်းများ၊ လက်လုပ်မိုင်းများ ပေါက်ကွဲသံများ မကြာခဏဖြစ်ပေါ်နေသဖြင့်  ဒေသခံစစ်ကောင်စီအဖွဲ့က ဖမ်းဆီးအရေးယူမှုများကိုလည်း အရှိန်မြှင့်လုပ်ဆောင်လာသည်ကိုတွေ့ရှိရကြောင်း စောင့်ကြည့်လေ့လာသူများက ပြောသည်။

March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...
March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...
March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...