ဂွမြို့တွင် ဖမ်းဆီးခံထားရသူ ဦးရဲခေါင်ညွှန့်အပါအဝင်၄ ဦးအမှုကို မေလ ၆ ရက်နေ့သို့ ရုံးချိန်း

ဂွမြို့တွင် ဖမ်းဆီးခံထားရသူ ဦးရဲခေါင်ညွှန့်အပါအဝင်၄ ဦးအမှုကို မေလ ၆ ရက်နေ့သို့ ရုံးချိန်း

ထွန်းခိုင်- အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြ၍ ဖမ်းဆီးခံရသူ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ NLD ဂွမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးရဲခေါင်ညွန့်အပါအဝင် ၄ ဦး၏ အမှုကို လာမည့် မေလ ၆ ရက်နေ့တွင် ဆက်လက် ရုံးထုတ် စစ်ဆေးမည်ဟု သတင်းရရှိသည်။

ယမန်နေ့ ရုံးချိန်း၌ တရားလိုပြသက်သေများအား စစ်ဆေးခဲ့သည်ဟု သူတို့၏အမှုအား လိုက်ပါ ဆောင်ရွက်ပေးနေသူ ရှေ့နေ ဒေါ်နွဲ့နွဲ့ငြိမ့်က ပြောသည်။

“ ကိုရဲခေါင်ညွန့်နဲ့ ဦးလူနီတို့ အမှုနဲ့ ပတ်သက်ပြီးတော့ ကျမသက်သေ နှစ်ယောက်စစ်ဖြစ်တယ်။ ဘေးစီမံမှာလည်း သက်သေနှစ်ယောက်စစ်ဖြစ်တယ်။ ၅၀၅ မှာလည်း သက်သေနှစ်ယောက်ကို စစ်ဖြစ်တယ်။ ကိုနိုင်လင်းအမှုမှာတော့ သက်သေတစ်ယောက်စစ်ဖြစ်တယ်။ ကိုအောင်စိုးမင်းအမှုမှာလည်း သက်သေနှစ်ယောက်စီ စစ်ဖြစ်တယ် ” ဟုပြောသည်။

အဆိုပါအမှုများအား စစ်ဆေးမေးမြန်းမှုနှင့် ပတ်သက်၍ ကျေနပ်အားရမှုရှိသည်ဟု ရှေ့နေ ဒေါ်နွဲ့နွဲ့ငြိမ့်က ပြောသည်။

ဖမ်းဆီးခံထားရသူ (၄) ဦးမှာ အနိုင်ရ NLD ဂွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွန့်၊ ရွာမရပ်ကွက်မှ အုပ်ချုပ်ရေးမှူးဟောင်း ဦးလူနီ၊ မြို့မရပ်ကွက်မှ ဦးအောင်စိုးမင်းနှင့် ဂွမြို့နယ်မှ ကိုနိုင်လင်းတို့ဖြစ်ကြသည်။

၄င်းတို့ထဲမှ ကိုနိုင်လင်းအား ၅၀၅ (က)၊ ဦးရဲခေါင်ညွန့်အား ၅၀၅ (ခ)နှင့် အားပေးကူညီမှု ပုဒ်မ ၁၁၄၊ ဦးလူနီအား ၅၀၅(ခ)နှင့် အားပေးကူညီမှု ပုဒ်မ ၁၁၄၊ ကိုအောင်စိုးမင်းအား သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နှင့် ငြိမ်းစုစီ ပုဒ်မ- ၁၉ တို့ဖြင့် တရားစွဲဆိုထားကြောင်း ရှေ့နေ ဒေါ်နွဲ့နွဲ့ငြိမ့်ကပြောသည်။

 ဖမ်းဆီးခံရသူများအား လာမည့် မေလ (၆) ရက်နေ့ ရုံးချိန်းတွင် အမိန့်တစ်ခုအား ချမှတ်နိုင်ရန် မျှော်လင့်ထားသည်ဟု ကိုအောင်စိုးမင်း၏ ဇနီးဖြစ်သူ မနှင်းယုခိုင်ကပြောသည်။

“ မနေ့က ရုံးချိန်းမှာတော့ တရားလိုသက်သေတွေကို စစ်တယ်။ ကျမအနေနဲ့တော့ အမြန်ဆုံးလွတ်စေချင်တာပေါ့။ လာမယ့်ရုံးချိန်းမှာတော့ သက်သေတွေကို စစ်ဆေးပြီးရင် အမိန့်တစ်ခု ချမယ်လို့ထင်တယ်။ ”  ဟုပြောသည်။

၄င်းတို့သည် ဖေဖော်ဝါရီလအတွင်းက အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြမှုကြောင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...