စစ်တွေမြို့တွင် NLD လွှတ်တော်ကိုယ်စားလှယ်လောင်းဟောင်းတစ်ဦး ဖမ်းဆီးခေါ်ဆောင်ခံရ

စစ်တွေမြို့တွင် NLD လွှတ်တော်ကိုယ်စားလှယ်လောင်းဟောင်းတစ်ဦး ဖမ်းဆီးခေါ်ဆောင်ခံရ

ချစ်အိလှိုင် - ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မကျည်းမြိုင်ရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရုံးတွင် နေထိုင်သူ လွှတ်တော်ကိုယ်စားလှယ်လောင်း ဟောင်း တစ်ဦးကို ယမန်နေ့ ညနေ ၆ နာရီခန့်က ရဲတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူမှာ NLD မှ စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းဟောင်း ဦးထွန်းလှိုင်(၅၆)နှစ်ဖြစ်သည်။

၄င်းအား ရဲကားတစ်စီးပေါ်မှ အရပ်ဝတ်ဖြင့် လူနှစ်ဦးက ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဦးထွန်းလှိုင်၏ ဇနီးဖြစ်သူ ဒေါ်လှကြာဖြူက  နိရဉ္စရာသတင်းဌာနကို ပြောသည်။

 “ သူက အဲဒီရုံးမှာနေတာပါ။ အိမ်မှာနေတာမဟုတ်ဘူး။ မနေ့က ရုံးဘေးနားက လဖက်ရည်ဆိုင်က အမျိုးသမီးက ရုံးသော့လာပေးမှ သိရတယ်။ ကျွန်မအမျိုးသားက သူ့ကို ရဲကခေါ်သွားတယ်လို့ပြောလိုက်ပါလို့မှာခဲ့တယ်တဲ့။ မိသားစုမှာ စိုးရိမ်တာပေါ့ရှင် ” ဟု ၎င်းကပြောသည်။

ယင်းနောက် မိသားစုဝင်များက စစ်တွေမြို့နယ်အမှတ်(၁) ရဲစခန်းသို့ သွားရောက်စုံစမ်းရာ စစ်ဆေးမေးမြန်းရန် တပ်မှ ခေါ်ယူသွားကြောင်း သိခဲ့ရသည်ဟု သမီးဖြစ်သူ မအေးအေးသွယ်ကပြောသည်။

“ ညီမလေးနဲ့အဒေါ်ကအမှတ်(၁) ရဲစခန်းကို ဒီနေ့မနက်ကသွားမေးခဲ့ပါတယ်။ စရဖက စစ်ဆေးမေးမြန်းဖို့ခေါ်သွားတယ်။ စစ်ဆေးပြီးရင် ရဲစခန်းကို လာပို့မှာပါလို့ ပြောလိုက်ပါတယ်”ဟုပြောသည်။

အဆိုပါဖြစ်စဉ်အား အမည်မဖော်လိုသူ မျက်မြင်သက်သေတစ်ဦးအားမေးမြန်းရာတွင် ရဲကားဟုထင်ရသည့် ကားအနီရောင်တစ်စီးဖြင့် လူနှစ်ဦးဆင်းလာပြီးနောက် ဦးထွန်းလှိုင်ကို ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

ဦးထွန်းလှိုင်မှာ ယခင်က ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ ကားကိုမောင်းပေးရသူဖြစ်ကြောင်း၊ မကြာမီက ကျင်းပခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်ပါတီစုံရွေးကောက်ပွဲတွင် စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ကြောင်း သိရသည်။

လက်ရှိတွင်ရခိုင်ပြည်နယ်အမျိုးသားဒီမိုကရေစီရုံးမှာ ပိတ်ထားသည်ကို တွေ့ရသည်။

August 8, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) ဝင်ရောက်တိုက်ခိုက်လာနိုင်သည်ဟု ယူဆနေသည့် စစ်အုပ်စု...
August 7, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာ ၁၀၆ ရွာတို့တွင် ဩဂုတ်လ ၆ ရက်နေ့အထိ...
August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...
August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...