ရခိုင်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေး

ရခိုင်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေး

ချစ်အိလှိုင် - ရခိုင်ပြည်နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ယခုနှစ် မတ်လ ၁ ရက်နေ့မှစ၍ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ စတင် ထုတ်ပေးနေကြောင်း သတင်းရရှိသည်။

လက်ရှိတွင် စစ်တွေမြို့နယ်မှ ကျေးရွာသုံးခုနှင့် ရပ်ကွက်တစ်ခုတို့တွင် စတင်ထုတ်ပေးလိုက်ပြီဖြစ်ကြောင်း၊ သို့ရာတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် ဒေသအချို့ကို သွာလာရန် အခက်အခဲရှိနေသေးကြောင်း ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မင်းက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

“အခုလောလောဆယ်ကတော့ စစ်တွေဘက်ကဟာ စပေးတယ်ပေါ့နော်။ နောက်လနောက်လတွေမှာ ဆက်ပေးမယ်။ ရခိုင်တစ်ပြည်နယ်လုံးပေးမယ်။ စီမံချက်ကတော့ ၁၈ လလောက်ကြာမယ်လို့တော့ခန့်မှန်းတယ်” ဟုပြောသည်။

ယမန်နေ့က စစ်တွေမြို့ ဦးဥတ္တမခမ်းမတွင် အခမ်းအနားပြုလုပ်၍ ကသဲရပ်ကွက်၊ သင်ပုန်းတန်းကျေးရွာအုပ်စု၊ ကျားမသောက် ကျေးရွာအုပ်စုနှင့် ရေချမ်းပြင်ကျေးရွာအုပ်စု တို့မှ လူပေါင်း ၄၄၉ ဦး ကို နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ခဲ့သည်ဟု သိရသည်။

ရေချမ်းပြင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်က “ ကျွန်တော်တို့ရွာက လူ ၁၂ဝ ကျော်လောက်ကို ပေးတယ်။ ကွင်းဆင်းလာတဲ့လူတွေအတွက် ကျွေးမွေးစရိတ်၊ လမ်းစရိတ်တို့ဘာတို့ ကုန်ကျငွေတွေကျွန်တော့ဆီက စိုက်ထားပေးတယ်။ ဒါကြောင့် မှတ်ပုံတင်ထုတ်ပေးတဲ့အချိန်မှာ တစ်ယောက်ဆီက ငွေသုံးထောင်လောက်က ကောက်ခံရမယ်။ မှတ်ပုံတင်တွေက ကျွန်တော့ဆီရောက်နေပါပြီ။ လက်ဗွေနှိပ်ခိုင်းပြီးထုတ်ပေးတော့မှာပါ” ဟုပြောသည်။

စစ်တွေမြို့နယ်အတွင်း ၂ဝ၂၁ မတ်လ ၁ ရက်နေ့မှ ဧပြီလ ၂၃ ရက်နေ့အထိ ရပ်ကွက်ကျေးရွာပေါင်း ၇၇ ခုကို ကွင်းဆင်းဆောင်ရွက်ကာ အသက်(၁ဝ)နှစ်နှင့် ၁၈ နှစ်ကြား ၁၁၄၂ ဦး၊ အသက် (၁၈)နှစ်အထက် ၁၁၆၃ ဦး၊ လှဲလှယ်ဆောင်ရွက်သူ ၁၄၅ ဦးနှင့် ပျောက်ဆုံး၊ ပျက်စီးမှုအတွက် မိတ္တူဆောင်ရွက်သူ ၁၅၇ ဦး စုစုပေါင်း ၂၆၀၇ ဦးကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

August 8, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) ဝင်ရောက်တိုက်ခိုက်လာနိုင်သည်ဟု ယူဆနေသည့် စစ်အုပ်စု...
August 7, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာ ၁၀၆ ရွာတို့တွင် ဩဂုတ်လ ၆ ရက်နေ့အထိ...
August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...
August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...