တီးတိန်တွင် လူငယ်တစ်ဦး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်ခံရပြီး သေဆုံးဟု သိရ

တီးတိန်တွင် လူငယ်တစ်ဦး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်ခံရပြီး သေဆုံးဟု သိရ

တီးတိန်မြို့တွင် မနေ့ည ဧပြီလ ၂၇ ရက်နေ့ည ၁၀ နာရီဝန်းကျင်တွင်  အသက် (၂၀) ဝန်းကျင်အရွယ်တစ်ဦး စစ်ကောင်စီ တပ်ဖွဲ့ဝင်များ သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးရသည်ဟု သိရသည်။

ဒေသခံတစ်ဦးက "မနေ့ညက ပေါက်ကွဲသံကြားရတယ် နောက်ပြီး အသက် ၂၀ အရွယ်လူငယ်၁ ဦး သေနတ်မှန်ပြီး ဆုံးသွားတယ်လို့ သိရတယ်" ဟုပြောသည်။

သေဆုံးသူမောင်ထန်းမွမ်းလျန်းမှာ  ဓာတ်ဆီဆိုင် ညစောင့်ရန်အတွက် ဆိုင်ကယ်ဖြင့် သွားစဥ် အပစ်ခံရသည်ဟု သိရသည်။

မနေ့ညဦးပိုင်းတွင်လည်း ပေါက်ကွဲမှုအချို့နှင့် ပစ်ခတ်မှူများ ဖြစ်ပွားခဲ့သည်ဟုသိရသည်။

 လက်ရှိ အလောင်းကို တီးတိန်မြို့ ပြည်သူ့ဆေးရုံ ရင်ခွဲရုံတွင် ထားရှိပြီး မိသားစုကို သယ်ယူခွင့်မပေးသေးဘူးဟုလည်း သိရသည်။

April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...