ကျောက်ဖြူ SEZ စီမံကိန်းကို ယခင်စီမံကိန်းများကဲ့သို့ မဖြစ်စေလိုကြောင်း မဒေးကျွန်းဒေသခံများပြော

ကျောက်ဖြူ SEZ စီမံကိန်းကို ယခင်စီမံကိန်းများကဲ့သို့ မဖြစ်စေလိုကြောင်း မဒေးကျွန်းဒေသခံများပြော

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် မဒေးကျွန်းဒေသတွင် (CNPC)ကုမ္ပဏီမှ တည်ဆောက်ထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းကဲ့သို့ မဟုတ်ဘဲ ဒေသအတွက် အကျိုးရှိမည့်စီမံကိန်းမျိုးကိုသာ လက်ခံသွားမည် ဖြစ်ကြောင်း ဒေသခံများကပြောသည်။

နောက်ထပ် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းစီမံကိန်းဆိုင်ရာ သဘောတူစာချုပ်နှင့် အစုရှယ်ယာများနှင့်သက်ဆိုင်သော သဘောတူ စာချုပ်ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်းက တရုတ်သမ္မတရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။

ယင်းစီမံကိန်းများထဲမှ ရေနက်ဆိပ်ကမ်းတစ်ခုကို ရေနံနဲ့ သဘာဝဓာတ်ငွေ့စီမံကိန်းတည်ရှိရာ ကျောက်ဖြူ မြို့နယ်၊ မဒေးကျွန်းဒေသတွင်တည်ဆောက်သွားရန်လည်း ပါရှိသည်။

ထိုသို့ အကောင်အထည်ဖော်လာမည့် ကျောက်ဖြူ SEZ စီမံကိန်းကို လက်ခံခြင်း/လက်မခံခြင်းမှာ လက်ရှိ တရုတ်ကုမ္ပဏီဖြစ်သည့် (CNPC)နှင့် တိုင်းတာကြည့်ရမည်ဖြစ်ကြောင်း မဒေးကျွန်းဒေသခံ ဦးမောင်မြင့်ခင်က ပြောသည်။

“အခု ရေနက်ဆိပ်ကမ်းစီမံကိန်းလာမယ်လို့ ကြားသိရတယ်၊ သူတို့က လယ်တွေ၊ မြေတွေဝယ်တယ်။ အဲဒီ စီမံကိန်းကြီးဝင်လာလို့ရှိရင် ကျနော်တို့မဒေးကျွန်းဟာ ဒီထက်မက ဆိုးရွားသွားမလားဆိုပြီး ခံစားနေရတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ခံစားနေရတဲ့အပေါ်မှာ သူတို့ကငဲ့ညှာထောက်ထားပြီးတော့ အခုလက်ရှိ တရုတ် စီမံကိန်းထက်မက အခွင့်အလမ်းတွေပေးမယ်၊ အလုပ်အကိုင်တွေဖန်တီးပေးမယ်ဆိုရင်တော့ လက်ခံလို့ ရတယ်။ ဒါပေမယ့် အခုကမှုန်ဝါးဝါးလေးနဲ့ အရင်တစ်ခါ တရုတ်တွေလိမ်သွားသလို အခုထပ်ပြီးတော့ အလိမ်ခံ ရမှာကိုလည်း စိုးရိမ်မိတယ်” ဟု ၎င်းကဆိုသည်။

ယခင် ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းတွင် မဒေးကျွန်းဒေသခံများ အလုပ်အကိုင်အခွင့်အလမ်း မရရှိသည့် အပြင် မြေယာဆုံးရှုံးမှုများ၊ ဘိုးဘွားစဉ်ဆက်လုပ်လိုင်လာကြသည့် လယ်ယာလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းများပါ ထိခိုက်ဆုံးရှုံးခဲ့ရကြောင်း ပြောဆိုကြသည်။

“ဒေသခံတွေရဲ့အမြင်ကတော့ CNPC ကုမ္မဏီကြီးတစ်ခုက ရှေ့ဆောင်လမ်းပြအနေနဲ့ ဒေသခံတွေအပေါ်မှာ တော်တော်လေးကို ရိုက်ခတ်သွားတာကိုတွေ့ရတယ်။ ဆိုတော့ နောက်လာမယ့် (ရေနက်ဆိပ်ကမ်း) စီမံကိန်းဟာ CNPC လိုမျိုး ဒေသကိုဖွံ့ဖြိုးမှု ဘာမှမပေးတဲ့ အနေအထားဖြစ်လာမှာကို တော်တော်လေးကို စိုးရိမ်နေကြတယ်” ဟု မဒေးကျွန်းဒေသခံ ဦးမောင်မောင်သန်းကပြောသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းနှင့်ပတ်သက်ပြီး ကြိုဆိုခြင်း/ကန့်ကွက်ခြင်းမှာ စီမံကိန်း၏ ရပ်တည်ချက် အပေါ်တွင်မူတည်ပြီး အဆိုပါစီမံကိန်းမှ ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ဒေသခံများအား အလုပ်အကိုင်အခွင့် အလမ်းများ အမှန်ပေးမည်ဆိုလျှင် ကြိုဆိုသွားမည်ဖြစ်ကြောင်းလည်း ပြောဆိုကြသည်။

မဒေးကျွန်းဒေသခံ ဦးခင်မောင်ညွန့်ကလည်း “အသစ်လာမယ့်စီမံကိန်းပေါ် ကျနော်တို့က (အခု CNPC စီမံကိန်း)လို ဒီအတိုင်းသားဆက်သွားနေမယ်ဆိုရင် လက်ခံနိုင်စရာအကြောင်းမရှိဘူး။ ဒီဟာကို ကန့်ကွက် ရမယ်လို့ ထင်တယ်။ ကျနော်တို့လိုချင်တာက စီမံကိန်းကျလာရင် (မဒေးကျွန်း)သူ/သားတွေ သေသေချာချာ မသိဘဲနဲ့ မလုပ်စေချင်ဘူး။ ကျနော်တို့က လုံးဝကန့်ကွက်တာလည်း မဟုတ်ဘူး။ အဲတာကို အခု(CNPC) စီမံကိန်းလို သွားမယ်ဆိုရင်တော့ မဖြစ်ဘူး၊ တိုးတက်မှာလည်း မမြင်ဘူး” ဟု ပြောသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်(SEZ)စီမံကိန်းကို ပြီးခဲ့သည့် ဦးသိန်းစိန် အစိုးရလက်ထက်က တရုတ်နိုင်ငံပိုင် ကုမ္ပဏီဖြစ်သည့် CITIC (China International Trust and Investment Corporation)က လုပ်ပိုင်ခွင့် တင်ဒါ အောင်မြင်ခဲ့သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်မှာ ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်၊ အဆင့်မြင့်အိမ်ယာစီမံကိန်းများ ပါဝင်မည်ဖြစ်ပြီး ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ မာန်အောင်မြို့နယ်တို့တွင် ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် မြေဧက ၆၀၀ ကျော်၊ စက်မှုဇုန်စီမံကိန်းအတွက် မြေဧက ၂၄၀၀ ကျော်နှင့် အဆင့်မြင့်အိမ်ယာစီမံကိန်းအတွက် မြေဧက ၁၂၀၀ ကျော် အသုံးပြုသွားမည်ဖြစ်သည်။

ရေနက်ဆိပ်ကမ်းစီမံကိန်း ၂ ခုကို ကျောက်ဖြူမြို့နယ် မဒေးကျွန်းနှင့် စစ်တောကျေးရွာအုပ်စု၊ သစ်ပုတ်တောင် ကျေးရွာအနီးတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...
လောင်တလိုင်မြို့ တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။ / DMG
September 3, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း၌ စက်တင်ဘာလ ၁ ရက်မှစ၍...
ဓာတ်ပုံ - (ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသရှိ ကျေးရွာတစ်ရွာကို တွေ့ရစဉ် / DMG)
September 2, 2026
ရခိုင်ပြည်အတွင်းရှိ ဝေလံခေါင်ဖျားဒေသများနှင့် သွားလာရခက်ခဲသော ကျေးလက်ဒေသများတွင် ဆေးရုံ၊...
ဓာတ်ပုံ - (အာရက္ခမှုခင်းနှင့် သတင်းထုတ်ပြန်ရေး / DLEPS က ထုတ်ပြန်လာသည့် ယခုနှစ်အတွင်း ရခိုင်မှ ထွက်ခွာစဉ် ဖမ်းဆီးခံထားရသူများ)
September 1, 2026
ရခိုင်ဒေသအတွင်း လူကုန်ကူးမှု တားဆီးကာကွယ် နှိမ်နင်းနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်...