မြန်မာနိုင်ငံ၌ ၂၀၂၀ နှစ်တွင် မြေမြုပ်မိုင်းနှင့်စစ်လက်ကျန်ပစ္စည်းများကြောင့် ထိခိုက်သေဆုံးသူ ၁၃၄ ဦးရှိ၊ ၅၃ ရာခိုင်နှုန်းမှာ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့ဟုဆို

မြန်မာနိုင်ငံ၌ ၂၀၂၀ နှစ်တွင် မြေမြုပ်မိုင်းနှင့်စစ်လက်ကျန်ပစ္စည်းများကြောင့် ထိခိုက်သေဆုံးသူ ၁၃၄ ဦးရှိ၊ ၅၃ ရာခိုင်နှုန်းမှာ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့ဟုဆို

မြန်မာနိုင်ငံတွင် ၂၀၂၀၌ မြေမြုပ်မိုင်းနှင့် ပေါက်ကွဲစေတက်သော စစ်လက်ကျန်ပစ္စည်းများကြောင့် ထိခိုက်သေဆုံးသူ ၁၃၄ ဦးရှိပြီး စုစုပေါင်း ထိခိုက်သေဆုံးသူ အရေအတွက်၏ ၅၃ ရာခိုင်နှုန်းမှာ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည် ယူအန်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မြေမြုပ်မိုင်းနှင့် ပေါက်ကွဲစေတက်သော စစ်လက်ကျန်ပစ္စည်းများကြောင့် ၂၀၁၉ ခုနှစ်အတွင်း  ထိခိုက် သေဆုံးသူပေါင်း ၅၈ ဦး ရှိခဲ့ပြီး  ၂၀၁၉ ခုနှစ် နှင့် နှိုင်းယှဉ်ပါက ၂၀၂၀ ခုနှစ်သည် ထိခိုက်သေဆုံးသူပေါင်း ၁၃၄ ဦးရှိခဲ့ကြောင်း မှတ်တမ်းတင်ထားရှိပါဟု ဖော်ပြသည်။

ရခိုင်ပြည်နယ်သည် ၂၀၂၀ ခုနှစ်အတွင်း ကလေးသူငယ် ထိခိုက်သေဆုံးမှု အမြင့်မားဆုံးနှုန်းရှိကြောင်း သတ်မှတ်ထားသည်ဟုလည်းဆိုသည်။

၎င်းပြင် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (UN OCHA)၏ ထုတ်ပြန်ချက်အထဲတွင် ဧပြီလ ၄ ရက်နေ့က ကျောက်တော်မြို့နယ်အတွင်း ပေါက်ကွဲစေတက်သော စစ်လက်ကျန် ပစ္စည်း (ERW) ပေါက်ကွဲမှုကြောင့် မိခင်တစ်ဦး နှင့် သူမ၏ ကလေးငယ်နှစ်ဦး သေဆုံးခဲ့ကြောင်း၊  ဧပြီလ အစောပိုင်း ကာလအတွင်း မိန်းကလေးငယ် လေးဦး နှင့် ယောကျာ်းလေး နှစ်ဦး အပါအဝင် စုစုပေါင်းပေါင်း အရပ်သားခုနှစ်ဦးမှာ မြေမြုပ်မိုင်းနှင့် ပေါက်ကွဲစေတက်သော စစ်လက်ကျန်ပစ္စည်းများကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြကြောင်း ဖော်ပြထားသည်။

August 8, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) ဝင်ရောက်တိုက်ခိုက်လာနိုင်သည်ဟု ယူဆနေသည့် စစ်အုပ်စု...
August 7, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာ ၁၀၆ ရွာတို့တွင် ဩဂုတ်လ ၆ ရက်နေ့အထိ...
August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...
August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...