မင်းတပ်မြို့တွင်ယာယီအပစ်ရပ်ထား

မင်းတပ်မြို့တွင်ယာယီအပစ်ရပ်ထား

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)သို့မင်းတပ်မြို့မိမြို့ဖများမှတဆင့်မုံရွာအခြေစိုက်အနောက်မြောက်တိုင်းဒုတိုင်းမှူးမှတိုက်ရိုက်ဆက်သွယ်ပြီးညှိနှိုင်းလာခြင်းကြောင့် ခဏတာအပစ်ရပ်ထားကြောင်းသိရပါသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)ဘက်မှတောင်းဆိုမူများမှာ

၁။တက်လာသောအင်အားများနှင့်မတူပီဘက်မှဆင်းလာသောတပ်များချက်ချင်းနောက်ဆုတ်ရန်။

၂။ဖမ်းဆီးခံပြည်သူများချက်ချင်းလွှတ်ရန်။

၃။မြို့တွင်းတပ်စွဲထားသည့်နေရာများချက်ချင်းရုတ်သိမ်းရန်။တို့ဖြစ်သည်။

ဒုတိုင်းမှူးဘက်မှမြို့ပြင်ရှိတပ်များကို မင်းတပ်မြို့ရှိ (၂၇၄)တပ်ရင်းသို့ဝင်ခွင့်ပေးရန်တောင်းဆိုပြီးပြည်သူ့ကာကွယ်ရေးတပ်မှလုံးဝလက်မခံဟုအကြောင်းပြန်ထားကြောင်းမင်းတပ်ဒေသခံများကသတင်းပေးပို့သည်။

လက်ရှိအခြေအနေတွင်တပ်ဘက်မှအပစ်ရပ်ထားပြီးမကြာမီအကြောင်းပြန်မည်ဟုဆိုသည်။

ယနေ့တက်လာသောစစ်ကောင်စီတပ်များ ထွဋ်ခေါင်ကြီးကုမ္ပဏီ(ဂေါ့ဖ်ကွင်း)တွင်တပ်စွဲထားကြောင်း၊စစ်ကောင်စီတပ်များအရပ်ဝတ်ဖြင့်ကျောက်ထုဘက်မှဆက်လက်တက်လာသည်ဟုကြားရကြောင်းမင်းတပ်ဒေသခံများကလက်ရှိမင်းတပ်မြို့အခြေအနေကိုသတင်းပေးပို့သည်။

April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...