ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)သို့မင်းတပ်မြို့မိမြို့ဖများမှတဆင့်မုံရွာအခြေစိုက်အနောက်မြောက်တိုင်းဒုတိုင်းမှူးမှတိုက်ရိုက်ဆက်သွယ်ပြီးညှိနှိုင်းလာခြင်းကြောင့် ခဏတာအပစ်ရပ်ထားကြောင်းသိရပါသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)ဘက်မှတောင်းဆိုမူများမှာ
၁။တက်လာသောအင်အားများနှင့်မတူပီဘက်မှဆင်းလာသောတပ်များချက်ချင်းနောက်ဆုတ်ရန်။
၂။ဖမ်းဆီးခံပြည်သူများချက်ချင်းလွှတ်ရန်။
၃။မြို့တွင်းတပ်စွဲထားသည့်နေရာများချက်ချင်းရုတ်သိမ်းရန်။တို့ဖြစ်သည်။
ဒုတိုင်းမှူးဘက်မှမြို့ပြင်ရှိတပ်များကို မင်းတပ်မြို့ရှိ (၂၇၄)တပ်ရင်းသို့ဝင်ခွင့်ပေးရန်တောင်းဆိုပြီးပြည်သူ့ကာကွယ်ရေးတပ်မှလုံးဝလက်မခံဟုအကြောင်းပြန်ထားကြောင်းမင်းတပ်ဒေသခံများကသတင်းပေးပို့သည်။
လက်ရှိအခြေအနေတွင်တပ်ဘက်မှအပစ်ရပ်ထားပြီးမကြာမီအကြောင်းပြန်မည်ဟုဆိုသည်။
ယနေ့တက်လာသောစစ်ကောင်စီတပ်များ ထွဋ်ခေါင်ကြီးကုမ္ပဏီ(ဂေါ့ဖ်ကွင်း)တွင်တပ်စွဲထားကြောင်း၊စစ်ကောင်စီတပ်များအရပ်ဝတ်ဖြင့်ကျောက်ထုဘက်မှဆက်လက်တက်လာသည်ဟုကြားရကြောင်းမင်းတပ်ဒေသခံများကလက်ရှိမင်းတပ်မြို့အခြေအနေကိုသတင်းပေးပို့သည်။







