တက္ကသိုလ်၊ ကောလိပ်များ ပြန်ဖွင့်မည့်ဆိုသော်လည်း ကျောင်းတက်၊ မတက်ဆွေးနွေးနေကြောင်း ရခိုင်ပြည် ကျောင်းသားသမဂ္ဂပြော

တက္ကသိုလ်၊ ကောလိပ်များ ပြန်ဖွင့်မည့်ဆိုသော်လည်း ကျောင်းတက်၊ မတက်ဆွေးနွေးနေကြောင်း ရခိုင်ပြည် ကျောင်းသားသမဂ္ဂပြော

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များကို ၂၀၁၉-၂၀ ပညာသင်နှစ်က နောက်ဆုံးနှစ်သင်တန်းနှင့်  မဟာဘွဲ့(ရေးဖြေ)သင်တန်းတို့ကို မေလ ၅ ရက်နေ့တွင် ပြန်ပြီးဖွင့်လှစ်သွားမည်ဟု သတင်းများထွက်ပေါ် နေသည်။

ယင်းသို့ တက္ကသိုလ်များပြန်လည်ဖွင့်လှစ်ရန် ဧပြီလ ၁၇ ရက်နေ့က ညွှန်ကြားစာရရှိထားသည့်အတွက် စစ်တွေ တက္ကသိုလ်ကို ပြန်ဖွင့်ရန်စီစဉ်နေသည်ဟု စစ်တွေတက္ကသိုလ် သင်တန်းရေးရာ ဌာနမှူး ဦးကျော်နိုင်ဦးက ပြောသည်။

“နောက်ဆုံးနှစ်သင်တန်းတွေကို ကျနော်တို့ ၅ လပိုင်းမှာပြန်ဖွင့်မယ်ဆိုပြီးတော့ ဦးစီးဌာနကညွန်ကြားထားတာ ရှိပါတယ်။ အဲဒီညွှန်ကြားချက်အတိုင်းပဲ ကျနော်တို့ ပါမောက္ခချုပ်ဦးဆောင်ပြီးတော့ သင်ကြားရေးဌာနမှူး ဆရာ၊ ဆရာမတွေနဲ့ ကျောင်းဖွင့်ဖို့ကိစ္စကို စပြီးတော့ သင်္ကြန်ရုံးပိတ်ရက်ပြီးတာနဲ့ စဖို့စီစဉ်နေပါတယ်” ၎င်းကဆိုသည်။

စစ်တွေတက္ကသိုလ်ကို ပြန်ပြီးဖွင့်လှစ်သည့်အခါ ကိုဗစ်စည်းမျဉ်း၊ စည်းကမ်းနှင့်အညီ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သင်တန်းရေးရာဌာနမှူး ဦးကျော်နိုင်ဦးကဆိုသည်။

စစ်တွေတက္ကသိုလ်တွင် နောက်ဆုံးနှစ်ကျောင်းသားများနှင့် မဟာဘွဲ့(ရေးဖြေ) ကျောင်းသားစုစုပေါင်း ၇၀၀ ကျော်ရှိပြီး ယင်းအထဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ စိတ်ပညာ၊ ဓာတု စသည့်မေဂျာများမှ ကျောင်းသားများ ပါဝင်ကြောင်း သိရသည်။

တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်မည်ဆိုသည်အပေါ် တက်ရောက်မည့် ကျောင်းသားများရှိသကဲ့သို့ မတက်ရောက်မည့် ကျောင်းသားများလည်းရှိနေသည့်အတွက် ကျောင်းတက်၊ မတက်ကိုဆွေးနွေးနေသည်ဟု ရခိုင်ပြည်ကျောင်းသားသမဂ္ဂ နိုင်ငံရေးကော်မတီတာဝန်ခံ ကိုတိုးတိုးအောင်က DMG သို့ပြောသည်။

“ဒါက ကျောင်းသားတွေရဲ့ သဘောဆန္ဒကတော့ တက်မယ့်သူတွေလည်းရှိတယ်။ တက်မလား၊ မတက်ဘူးလား ဆိုတာကိုတော့ ကျနော်တို့က ကျောင်းသားတွေနဲ့ ဆွေးနွေးတိုင်ပင်နေတာတွေတော့ရှိတယ်” ဟု ၎င်းက ဆိုသည်။

ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာနိုင်ငံအတွင်းက တက္ကသိုလ်၊ ကောလိပ်များအပါအဝင် စာသင်ကျောင်းများ အားလုံးကို ၂၀၂၀ ပြည့်နှစ် အစောပိုင်းကနေပိတ်ထားခဲ့ရပြီး စစ်တွေတက္ကသိုလ်က ကျောင်းသား၊ ကျောင်းသူ များမှာ စာမေးပွဲကို အပြီးသတ်မဖြေဆိုခဲ့ကြရသေးခြင်းလည်းဖြစ်သည်။

April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...
April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...