လားရှိုးရဲစခန်းတိုက်ခိုက်ခံရပြီးနောက်ပိုင်း တပ်မတော်နှင့်ညီနောင်မဟာမိတ်(၃)ဖွဲ့တို့ ထိတွေ့တိုက်ပွဲမရှိဟုဆို

လားရှိုးရဲစခန်းတိုက်ခိုက်ခံရပြီးနောက်ပိုင်း တပ်မတော်နှင့်ညီနောင်မဟာမိတ်(၃)ဖွဲ့တို့ ထိတွေ့တိုက်ပွဲမရှိဟုဆို

လားရှိုးမြို့အနီးရှိ နောင်မွန်ရဲစခန်းအား (AA) အပါအဝင် တအောင်း (TNLA) နှင့် ကိုးကန့် (MNDAA) တို့က ဧပြီလ (၁၀) ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် တပ်မတော်နှင့် ညီနောင်မဟာမိတ် (၃) သုံးဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုများ မရှိသေးဟု တအောင်း (TNLA) ၏သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။

“လောလောဆယ် တိုက်ပွဲဖြစ်ပွားမှုတော့မရှိသေးဘူး။ ထိုးစစ်ဆင်မှုတော့ရှိတယ်။ ပြီးခဲ့တဲ့နှစ်ပတ်လောက်က ပေါ့နော်။ အာဆီကားတွေနဲ့ အထူးသဖြင့် မူဆယ်ဖက်တို့မှာ လူအင်အားပြန်ဖြည့်ထားတာရှိတယ်” ဟု ဗိုလ်မှူးမိုင်းအိုက်ကျော်က ဆိုသည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့အနေဖြင့် ယခင်က အပစ်အခတ်ရပ်စဲရေးများကို တောက်လျှောက်လုပ်ဆောင် လာခဲ့သော်လည်း လက်ရှိတွင် ဆန္ဒပြပြည်သူများ သေဆုံးသူများပြားလာနေသဖြင့် အပစ်အခတ်ရပ်စဲရေးကို ပြန်လည်သုံးသပ်နေခြင်းဖြစ်ကြောင်း ဗိုလ်မှူးမိုင်းအိုက်ကျော်က ဆက်ပြောသည်။

“ကျနော်တို့ တော်လှန်ရေးဖွဲ့စည်းလာတာက အာဏာရှင်ပပျောက်ဖို့ ဖွဲ့စည်းလာတာဖြစ်တယ်။ ကျနော်တို့ အပစ်အခတ်ရပ်စဲရေး ထုတ်ပြန်ချက်တွေလည်း တောက်လျှောက်ထုတ်လာတယ်။ အောက်ခြေမှာ တိုက်ပွဲမဖြစ်အောင် စည်းကမ်းလိုက်နာမှုရှိတယ်။ ဒါပေမယ့် အခု တပ်မတော်ဖက်က ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်ပစ်ခတ်တာ ရှိတယ်။ လူအသေအပျောက်လည်း တော်တော်များတယ်။ ဒါကြောင့် ဒီဟာကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းဆောင်ရွက်ပေးဖို့ ကျနော်တို့ဖက်က ထုတ်ပြန်ခဲ့တာဖြစ်တယ်”  ဟု ၎င်းကပြောသည်။

AA အပါအဝင် ညီနောင်မဟာမိတ် (၃) ဖွဲ့၏ မတ်လ (၃၀) ရက်နေ့က ထုတ်ပြန်ချက်တွင် မြန်မာ့တပ်မတော် အနေဖြင့် ဆန္ဒပြပြည်သူများအား အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းနေမှုကို မရပ်တန့်ပါက အပစ်အခတ်ရပ်စဲထားမှု များကို ပြန်လည်သုံးသပ်ကာ အဖိနှိပ်ခံပြည်သူများနှင့်အတူ ရပ်တည်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ယင်းသို့ထုတ်ပြန်ပြီးနောက် ညီနောင်မဟာမိတ် (၃) ဖွဲ့အနေဖြင့် လားရှိုးအနီးရှိ နောင်မွန်ရဲစခန်းကို ပထမအကြိမ် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိုပစ်ခတ်မှုအတွင်း ရဲတပ်ဖွဲ့ဝင်အချို့သေဆုံးမှုရှိခဲ့သည်ဟုလည်း သိရှိရသည်။

စစ်ကောင်စီ၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သန်းဦးနှင့်အဖွဲ့ ကျောက်ဖြူရှိ Vpower ဓာတ်အားပေး စက်ရုံသို့ ၂၀၂၂ ခုနှစ် ဇွန်လက လာရောက်ခဲ့စဉ်။ (ဓာတ်ပုံ-MOI)
February 23, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ တရုတ်အစိုးရပိုင် CNTIC နှင့် ဟောင်ကောင်အခြေစိုက် V Power...
အိန္ဒိယ - ပလက်ဝ ကုန်သွယ်ရေးလမ်းကြောင်းတစ်နေရာအားတွေ့ရစဉ်။ ဓာတ်ပုံ - DMG
February 21, 2026
အိန္ဒိယနိုင်ငံသား ကားသမားတစ်ဦး သေဆုံးမှုကြောင့် ပိတ်ထားသည့် အိန္ဒိယ - ရခိုင်...
၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက်က စစ်ကောင်စီ လေကြောင်း ဗုံးကြဲမှုကြောင့် မီးလောင်ပျက်စီးသွားခဲ့သော ကျောက်ဖြူမြို့နယ်၊ ကြတ္တိန်ရွာမြင်ကွင်း။ ဓာတ်ပုံ-APM
February 20, 2026
ရခိုင်လက်ကျန်မြို့ထဲမှ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား...
February 19, 2026
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများကြား ထိခိုက်ပျက်စီးခဲ့ရသည့် သမိုင်းဝင် ဘုရားပုထိုးစေတီ များအား...