မွန်ပြည်နယ်အတွင်း အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်း

မွန်ပြည်နယ်အတွင်း အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်း

မွန်ပြည်နယ်တွင်း မြို့နယ်အလိုက် (G-Z)လူငယ်၊ ကျောင်းသား၊ ဝန်ထမ်း၊ နည်းပညာတတ်ပုဂ္ဂိုလ်၊ မြို့ခံရပ်မိ/ရပ်ဖများ နှင့် ပြည်သူလူထုများစုစည်း၍ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (National Guard)ကို ဖွဲ့စည်းလိုက်ကြောင်း ဧပြီလ ၂၂ ရက်နေ့က ကြေညာလိုက်သည်။

အဆိုပါအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ကို ရည်ရွယ်ချက် ငါးချက်ဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး ၎င်းရည်ရွယ်ချက်ထဲတွင် နိုင်ငံတော်၏အာဏာကို ပြည်သူလူထုမှ ရွေးချယ်တင်မြှောက်ထားသည့် ပြည်သူ့အစိုးရထံ ပြန်လည်အပ်နှင်းရေး၊ စစ် အာဏာရှင်မှ မတရား ဖမ်းဆီးခံထားရသည့် နိုင်ငံခေါင်းဆောင်များနှင့် ပြည်သူလူထုများ လွတ်မြောက်ရေးနှင့် ငြိမ်းချမ်း စွာ ဆန္ဒဖော်ထုတ်သည့် အပြစ်မဲ့ပြည်သူများကို ရက်စက်စွာသတ်ဖြတ်နေသည့် စစ်ကောင်စီကို တိုင်းရင်းသားညီနောင် များနှင့်အတူ တော်လှန်သွားမည်ဖြစ်ကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။

ထို့အပြင် အကြမ်းဖက်စစ်အုပ်စု၏ မတရားဖမ်းဆီးခြင်းနှင့် နှိပ်စက်သတ်ဖြတ်ခြင်း ကင်းဝေးရန်အတွက် ပြည်သူလူထု များအား ကာကွယ်စောင့်ရှောက်ရန်နှင့် ဖယ်ဒရယ်ဒီမိုကရေစီ အမြန်ဆုံးဖြစ်ထွန်းပြီး စစ်အာဏာရှင်ကျဆုံးသည်အထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အတူတကွ လက်တွဲတိုက်ခိုက် ချေမှုန်းမည်ဟူ၍လည်း ဖော်ပြထားသည်။

အဆိုပါ မွန်ပြည်နယ် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ဖယ်ဒရယ်တပ်မတော် မဖြစ်ပေါ်လာသေးမီ စပ်ကြား ကာလတွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ မူဝါဒလမ်းညွန်ချက်နှင့်အညီ လိုက်နာဆောင်ရွက်သွားမည်ဟု လည်း မှတ်ချက်ပြုထားသည်။

အလားတူ တိုင်းနှင့်ပြည်နယ်တချို့တွင်လည်း သက်ဆိုင်ရာ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့များကို  ဖွဲ့စည်းလိုက်ပြီးဖြစ် ကြောင်း ထုတ်ပြန်ကြေညာထားသည်ကိုလည်း တွေ့ရသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...