ကျောင်းဆရာမ အဖမ်းခံရသတင်း လူမှုကွန်ယက်ပေါ်တင်သည့် ဇနီးမောင်နှံ အဖမ်းခံရ

ကျောင်းဆရာမ အဖမ်းခံရသတင်း လူမှုကွန်ယက်ပေါ်တင်သည့် ဇနီးမောင်နှံ အဖမ်းခံရ

ကရင်ပြည်နယ် ဖားအံမြို့ အိန္ဒုရွာတွင် ယမန်နေ့ညက ကျောင်းဆရာမတစ်ဦး အဖမ်းခံရသည့်အကြောင်းနှင့် ပတ်သက်၍ ဖေ့ဘွတ်လူမှုကွန်ယက်ပေါ်တင်သည့် ဇနီးမောင်နှံနှစ်ဦးသည် ယနေ့ ဧပြီ ၂၂ ရက်နံနက် အစောပိုင်းတွင် အရပ်ဝတ် လူ ၄ဦးမှ စစ်ဆေးရန်ရှိသည့်အတွက် လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု သိရသည်။

အဆိုပါအဖမ်းခံရသည့် ဇနီးမောင်နှံသည် ယမန်နေ့ည အဖမ်းခံရသည့် ကျောင်းဆရာမ နန်းနွေးနွေးလှိုင် တိမ်းရှောင်သည့် နေအိမ်မှ ဖြစ်ပြီး လူမှုကွန်ယက်ပေါ်တွင် သတင်းဖြန့်ပြီးတင်သည့်အတွက် ဖုန်းစစ် ဆေးရန်ရှိသည်ဆိုကာ ယနေ့နံနက် ၇ နာရီဝန်းကျင်ခန့်တွင် အရပ်ဝတ်၄ ဦးက ဖားအံမြို့မရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု သိရသည်။

“ မနက်စောစောမှာ အစ်မရဲ့ ယောက်ျားရဲ့ ဖုန်းကိုလာစစ်တယ်။ တင်ထားတာတွေ့တော့ ခေါ်သွားတယ်။ နောက်ပြီး လိုင်းရတဲ့အချိန် ၉ နာရီလောက်မှာ အစ်မကို ထပ်လာခေါ်သွားကြတယ်။ ဖုန်းနဲ့ အတူ စစ်ဆေး စရာရှိတယ်ဆိုပြီးခေါ်သွားတယ်။ အသရေဖျက်မှုနဲ့ တရားစွဲမယ်။ နာမည်ပျက်အောင်တင်တယ်လို့တဲ့ လာဖမ်းတဲ့လူက ပြောသွားတယ်။ ညနေစောင်းရှိပြီး အခုထိ ပြန်မလာသေးဘူးစိတ်ပူတယ်”ဟု အဖမ်းခံရသည့် ဇနီးမောင်နှံနှင့် နီးစပ်သူတစ်ဦးက ကေအိုင်စီသို့ပြောသည်။

အဆိုပါအဖမ်းခံရသည့် ဇနီးမောင်နှံသည် မောင်ပြည့်ဖြိုး(ခ)ကို ပန်းတိုင်နှင့် မနှင်းပွင့်ဝေအောင်ဖြစ်ပြီး အိန္ဒုရွာတွင်နေထိုင်ကာ CDM ဝင်ပြီး ယမန့်နေ့ညအဖမ်းခံရသည့် ကျောင်းဆရာမ နန်းနွေးနွေးလှိုင်၏ သူငယ်ချင်းဖြစ်သည်ဟု သိရသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...