၁၀ လကျော်ကြာ ပိတ်ထားခဲ့ရသည့် ရခိုင်ပြည်နယ်မှ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်ခွင့် ပြုထားပြီဟုဆို

၁၀ လကျော်ကြာ ပိတ်ထားခဲ့ရသည့် ရခိုင်ပြည်နယ်မှ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်ခွင့် ပြုထားပြီဟုဆို

COVID -19 ကြောင့် ဆယ်လကျော်ကြာ အကန့်အသတ်မရှိ ယာယီပိတ်ထားခဲ့ရသည့် ရခိုင်ပြည်နယ်မှ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်ရန် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းက ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်နေ့မှ စတင်ကာ ရခိုင်ပြည်နယ်ရှိ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို ပြန်လည်လုပ်ကိုင်ရန် ခွင့်ပြုမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းကိုလည်း သူကပြောသည်။

“အရင်တုန်းက ထုတ်ပြန်ခဲ့တဲ့ COVID-19 စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ပြန်ဖွင့်ခွင့်ပြုခဲ့တာပါ။ လက်ရှိမှာ စစ်တွေက ကုန်သွယ်ရေးလှေ ၁၀ စီး၊ မောင်တောက လှေ ၆ စီး စုစုပေါင်း ၁၆ စီးထွက်သွားပြီလို့ သိရပါတယ်။ လှေသမားတွေပြန်လာရင် Quarantine ထားဖို့အတွက်လည်း နေရာတွေကို ကျွန်တော်တို့ စီစဉ်ထားပါတယ်” ဟု ဦးသန်းထွန်းက ပြောသည်။

နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို ရပ်နားထားရသည်သည်မှာ ဆယ်လကျော်ကြာမြင့်ခဲ့ပြီ ဖြစ်သောကြောင့် ယခုကဲ့သို့ ပြန်လည် လုပ်ကိုင်စေခြင်းဖြင့် နယ်စပ်ကုန်သွယ်ရေးနှင့် ဆက်စပ်လုပ်ကိုင်နေသူများအတွက် စီးပွားရေး  ပြန်လည်အဆင်ပြေလာစေမည်ဟု မျှော်မှန်းမိကြောင်း ကုန်သွယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူ ကိုအောင်အောင်ကဆိုသည်။

“ဒီနယ်စပ်ကုန်သွယ်ရေးကို ပိတ်ထားခဲ့တဲ့အခါ စီးပွားရေးလုပ်ငန်းရှင်တွေချည်းပဲ ထိခိုက်ခဲ့တာမဟုတ်ဘူးလေ၊ ဒီလုပ်ငန်းမှာပါဝင်တဲ့ ကုန်စည်ထုတ်လုပ်သူတွေကစလို့ ကုန်တင်ကုန်ချအလုပ်သမားတွေအထိ သူတို့လည်း ထိခိုက်မှု ရှိခဲ့ကြတာပဲလေ။ ရခိုင်ပြည်နယ်မှာက စီးပွားရေးလုပ်ငန်းက ဘာတစ်ခုမှ ရှိတာမဟုတ်တော့ ဒီလုပ်ငန်းလေးပြန်လုပ်ခွင့်ရတဲ့အတွက် အဆင်ပြေလာဖို့မျော်မှန်းတယ်” ဟု သူကဆိုသည်။

ရခိုင်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဘင်္ဂလားဒေရှ့်သို့ ကြက်သွန်၊ ဇီးသီးခြောက်၊ မန်ကျည်းသီးခြောက်၊ ချင်း စသည့် တောထွက်ပစ္စည်းများအပါအဝင် ငါးမြစ်ချင်းခြောက်၊ ငါးမုတ် အစရှိသည့် ရေထွက်ပစ္စည်းများအပြင် ကတ္တီပါဖိနပ်စသည်တို့ကို အဓိကတင်ပို့လျှက်ရှိသည်။

ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၇၃၆ ဒသမ ၈၁ သန်းနှင့် မောင်တောနယ်စပ်ကုန်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၅၅၄ သန်းတို့ကို ကုန်သွယ်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇွန်လ အတွင်းက ဘင်္ဂလာဒေရှ့်နယ်စပ်ကုန်သွယ်ရေးမှ စစ်တွေမြို့သို့ ကုန်တင်ရေယာဉ်ဖြင့် ရောက်ရှိလာသူတစ်ဦးတွင် ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိပြီးနောက် စစ်တွေကုန်သွယ်ရေးစခန်းအား ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားခဲ့ပြီး မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းကိုလည်း ကိုဗစ်ကြောင့် ဇူလိုင်လအတွင်းမှ စတင်ကာ အကန့်အသတ်မရှိ ပိတ်ထားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သန်းဦးနှင့်အဖွဲ့ ကျောက်ဖြူရှိ Vpower ဓာတ်အားပေး စက်ရုံသို့ ၂၀၂၂ ခုနှစ် ဇွန်လက လာရောက်ခဲ့စဉ်။ (ဓာတ်ပုံ-MOI)
February 23, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ တရုတ်အစိုးရပိုင် CNTIC နှင့် ဟောင်ကောင်အခြေစိုက် V Power...
အိန္ဒိယ - ပလက်ဝ ကုန်သွယ်ရေးလမ်းကြောင်းတစ်နေရာအားတွေ့ရစဉ်။ ဓာတ်ပုံ - DMG
February 21, 2026
အိန္ဒိယနိုင်ငံသား ကားသမားတစ်ဦး သေဆုံးမှုကြောင့် ပိတ်ထားသည့် အိန္ဒိယ - ရခိုင်...
၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက်က စစ်ကောင်စီ လေကြောင်း ဗုံးကြဲမှုကြောင့် မီးလောင်ပျက်စီးသွားခဲ့သော ကျောက်ဖြူမြို့နယ်၊ ကြတ္တိန်ရွာမြင်ကွင်း။ ဓာတ်ပုံ-APM
February 20, 2026
ရခိုင်လက်ကျန်မြို့ထဲမှ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား...
February 19, 2026
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများကြား ထိခိုက်ပျက်စီးခဲ့ရသည့် သမိုင်းဝင် ဘုရားပုထိုးစေတီ များအား...