စစ်ဘေးရှောင်အလှူပွဲ ရခိုင်ရုပ်ရှင်ဗွီဒီယိုသရုပ်ဆောင်နှင့် တေးသံရှင်များ စိတ်ခွန်အားဖြည့်သီချင်းများဖြင့်လာရောက်ဖြေဖျော်

စစ်ဘေးရှောင်အလှူပွဲ ရခိုင်ရုပ်ရှင်ဗွီဒီယိုသရုပ်ဆောင်နှင့် တေးသံရှင်များ စိတ်ခွန်အားဖြည့်သီချင်းများဖြင့်လာရောက်ဖြေဖျော်

ဧပြီ ၁၉ ရက်နေ့က အလိုတော်ပြည့်ကယ်ဆယ်ရေးအဖွဲ့ (RNSWO) မှ စစ်တွေဆတ်ရိုးကျ ရွှေပြည်သာဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေး စခန်းတွင် စားနပ်ရိက္ခာ (၉) မျိုးကို လာရောက်လှူဒါန်းရာ ရခိုင်ရုပ်ရှင် ဗွီဒီယိုသရုပ်ဆောင်များနှင့် တေးသံရှင်များက စိတ်ခွန်အားဖြည့် သီချင်းများဖြင့်လာရောက်ဖြေဖျော်ခဲ့ကြောင်း သတင်းရရှိသည်။

လာရောက်ဖြေဖျော်ကြသည့် ရခိုင်ရုပ်ရှင်ဗွီဒီယိုနှင့် တေးသံရှင်များမှာ မင်းသားကြီးနေထက်လင်း၊ မင်းသာကီ၊ သန်းဆွေ၊ ဖိုးဇော်၊ ရိုက်ဒါ၊ ဖြိုးကေသီနွယ်စသူတို့ဖြစ်ကြသည်။

သီဆိုဖြေဖျော်ပွဲတွင် ဆရာမချေ၊ ရိုးရာကမမ၊ လခြမ်းမြီ၊ရက္ခဝံသ၊ ရခိုင်မြေကိုလာခဲ့ပါ စသည့် သီချင်းများဖြင့် ဖြေဖျော်ရာ စစ်ဘေးရှောင်များသာမ အနီးဝန်းကျင်ရပ်ကွက်များမှ လူပေါင်း ၃၀၀ ကျော်ခန့် တက်ရောက်အားပေးခဲ့ကြသည်။

၎င်းနေ့ အလိုတော်ပြည့်ကူညီကယ်ဆယ်ရေးအဖွဲ့ (RNSWO) မှ  ကုသိုလ်ပြုလှူဒါန်းခဲ့သော မီးဖိုချောင်သုံး ရိက္ခာများမှာ ဆန်၊ဆီ၊ ဆား၊ ငရုတ်သီး၊ ကြက်သွန်းနီ၊ ကြက်သွန်ဖြူ၊ အားလူး၊ ကုလားပဲ ငါးခြောက်စတဲ့ အခြေခံစားကုန်များဖြစ်ကြသည်။

အလိုတော်ပြည့်ကယ်ဆယ်ရေးအဖွဲ့ ဦးဆောင်ဆရာတော် ဦးကုမာရ (ခ) ဦးဇင်းဘီလူးက “ ယာယီဖွင့်လှစ်ထားတဲ့ စစ်ဘေးရှောင်  ရွှေပြည်သာ ဘုန်းတော်ကြီးရှိ အိမ်ထောင်စု(၄၅) စုနဲ့ ကျေးတောပိုက်ဆိပ် ဘုန်းတော်ကြီးကျောင်းမှာရှိ အိမ်ထောင်စု (၁၃) စုတို့ကို လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

အဆိုပါ အဖွဲ့သည် တိမ်ညို စစ်ဘေးရှောင် မီးဘေးသင့် ဒုက္ခသည်များ၊ မြေပုံမြို့နယ် စစ်ဘေးရှောင်စခန်းများနှင့် ကျောက်တော်မြို့နယ် စစ်ဘေးရှောင်စခန်းများတွင်လည်း သွားရောက်ပြီး ရိက္ခာများ ကူညီလှူဒါန်းခဲ့သည်ဟု ပြောကြားသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...