စစ်ကောင်စီကို EU မှ ထပ်မံတိုးမြှင့်အရေးယူရာတွင် မန်းငြိမ်းမောင် ပါဝင်လာ

စစ်ကောင်စီကို EU မှ ထပ်မံတိုးမြှင့်အရေးယူရာတွင် မန်းငြိမ်းမောင် ပါဝင်လာ

ဥရောပသမဂ္ဂကောင်စီ (EU) မှ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနှင့်ဆက်စပ်ပြီး မြန်မာစစ်  ကောင်စီ ကို အရေးယူပိတ်ဆို့မှုတိုးမြှင့်ရာတွင် စစ်ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်ပါဝင်ကြောင်း ဧပြီ ၁၉ ရက်နေ့ ကြေညာချက်အရ သိရသည်။

စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက် (MEHL) ၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းလီမိတက် နှင့်  စစ်အာ ဏာသိမ်းမှု နှင့်ဆက်စပ်သည့် လူပုဂ္ဂိုလ် ၁၀ ဦးထဲတို့ကိုအရေးယူပိတ်ဆို့မှုပြုရာတွင် မန်းငြိမ်းမောင် ပါဝင်လာ ခဲ့ခြင်းဖြစ်သည်။

၎င်းတို့ကို ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေမှု၊ လူ့အခွင့်အရေးကို ပြင်းပြင်းထန်ထန် ချိုးဖောက်မှုများကြောင့် အရေးယူဒဏ်ခတ်ရခြင်း ဖြစ်သည်ဟု ကြေညာချက်အရ သိရပြီး ၎င်း ၁၀ ဦးတွင် အာဏာသိမ်းစစ်တပ်မှ ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးတွင် ပါဝင်သော မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်ထောင်၊ ဦးမောင်းဟာ၊ ဒေါက်တာ ဗညားအောင်မိုး နှင့် ဦးချစ်နိုင် (စိတ်ပညာ) တို့ ပါဝင်သည်။

ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) ပြောခွင့်ရ နော်ဝါးခူရှီးက “စစ်တပ်ရဲ့ အဖျက်အမှောက် လုပ်ဆောင်မှု တွေမှာ စစ်တပ်နဲ့ပူးပေါင်းလုပ်ဆောင်တဲ့သူတိုင်းကို အရေးယူမှုပြုရမှာပဲ။ ကိုယ့်လူမျိုးကို ကာလရှည်ကြာ ကထဲက သတ်ဖြတ်တာ ဖျက်ဆီးတာတွေ လုပ်ဆောင်လာခဲ့တဲ့ စစ်တပ်နဲ့ ကိုယ့်ကရင်ခေါင်းဆောင်တချို့ သွား ပူးပေါင်းလုပ် ဆောင်တာမျိုးမြင်ရတော့ အင်မတန် စိတ်မကောင်းစရာဖြစ်စေတယ် ဆိုပေမဲ့ စစ်တပ်နဲ့ ပူးပေါင်း တဲ့ ဘယ်သူမဆိုတော့ အရေးယူမှုတော့ ပြုရမှာပါပဲ ”ဟု ကေအိုင်စီသို့ပြောသည်။

စစ်ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ယခင်က KNU -ကရင်အမျိုးသားအစည်းအရုံး ဗဟိုအမြဲတမ်းကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သည်။ သူသည် KNUမှ နုတ်ထွက်ကာ ပြီးခဲ့သည့် ၂၀၂၀ အထွေ ထွေရွေးကောက်ပွဲတွင် ကရင်ပြည်သူ့ပါတီ -KPP ကိုယ်စားပြုပြီး ပန်းတနော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံခဲ့သူလည်းဖြစ်သည်။

ယခင်က အရေးယူပိတ်ဆို့ထားသည့် နိုင်ငံအတွင်း ဖိနှိပ်ဖြိုခွင်းမှုအတွက် အသုံးပြုသည့်လက်နက်နှင့် ပစ္စည်း ကိရိယာ၊ စစ်တပ်နှင့် နယ်ခြားစောင့်တပ် အသုံးပြုမည့် ပစ္စည်းကိရိယာ၊ နိုင်ငံတွင်း ဖိနှိပ်မှုအတွက် ဆက်သွယ် ရေးတို့ကို စောင့်ကြည့်ထိန်းချုပ်သည့် ပစ္စည်းကိရိယာများ အားလုံးတင်သွင်းရောင်းဝယ်မှုများကို ပိတ်ပင်မှုအပြင် မြန်မာစစ်တပ်နှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုနှင့် စစ်ရေးလေ့ကျင့်မှု တားမြစ်ချက်များကို လည်း ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဆက်လက်ပြီး ဥရောပသမဂ္ဂအနေဖြင့် မြန်မာပြည်သူနှင့် မြန်မာနိုင်ငံ၏ဒီမိုကရေစီ အကူးအပြောင်းအတွက် ထောက်ခံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ ဖော်ပြထားသည်။

ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN)ပြောခွင့်ရ နော်ဝါးခူရှီးကမူ  လက်ရှိ EU ၏ အရေးယူ ပိတ်ဆို့မှုတစ်ခုတည်းအနေဖြင့် မထိရောက်စေဘဲ မြန်မာ စစ်တပ်အပေါ် လက်နက် ရောင်းဝယ်မှုကိုပါ ပိတ်ဆို့မှုများ ပြုလုပ်သွားရမည်ဖြစ်သည်ဟု ပြောသည်။

ယခုအချိန်တွင် ဥရောပသမဂ္ဂမှ ဒဏ်ခတ်အရေးယူသူ စုစုပေါင်း ၃၅ ဦးရှိသွားပြီးဖြစ်ပြီး ၎င်းတို့၏ ပိုင်ဆိုင်မှု အနေဖြင့် ခရီးသွားလာခွင့်များကို ထိန်းချုပ်လိုက်သည့်အပြင် ဥရောပသမဂ္ဂဝင် နိုင်ငံသားများနှင့် စီးပွားရေး ကုမ္ပဏီကြီးများအနေဖြင့် ၎င်းနှင့် ငွေကြေးဆက်စပ် စီးဆင်းခွင့်ကိုပါ ပိတ်ပင်ထားကြောင်း သိရသည်။

Photo: BGF
January 13, 2026
ဖားအံခရိုင်၊ လှိုင်းဘွဲ (ဖားအံ) မြို့နယ်ရှိ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့၏ ဥဒေါင်းစခန်းနှင့်...
Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...