CNLD ပါတီဗဟိုအလုပ်အမူဆောင်ဆလိုင်းဒုဟူးထန်းဖမ်းဆီးနှိပ်စက်ခံနေရ

CNLD ပါတီဗဟိုအလုပ်အမူဆောင်ဆလိုင်းဒုဟူးထန်းဖမ်းဆီးနှိပ်စက်ခံနေရ

ဧပြီလ ၉ ရက်နေ့တွင် ထန်တလန်မှဟားခါးမြို့သို့အသွားဟားခါးမြို့အ၀င်စစ်ဆေးရေးဂိတ်တွင်စစ်ကောင်စီတပ်ဖွဲ့၀င်များက ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD)ပါတီ၏ဗဟိုအလုပ်အမူဆောင်ခေါင်းဆောင် ၁ဦးဖြစ်သည့်ဆလိုင်းဒုဟူးထန်း(Salai Duh HuThang)

ကိုဟားခါးစစ်ဗျူဟာကုန်းတွင်ဖမ်းဆီးခေါ်ဆောင်ပြီးပြန်မလွှတ်သေးပဲနှိပ်စက်စစ်ဆေးမူယနေ့တိုင်ပြုလုပ်လျက်ရှိကြောင်းသိရသည်။

CNLDပါတီအတွင်းရေးမူးအဖွဲ့၀င် ၁ ဦးက "သူ့ကိုဖမ်းပြီးနှိပ်စက်မေးမြန်းတာတချို့ရှိတယ်ကြားရတယ်၊ သူ့ကိုဖမ်းထားတာကြာလာတော့စိုးရိမ်တယ်၊တိုင်းရင်းသားပါတီတွေထဲမှာ ဗဟိုအလုပ်အမူဆောင့်ထိပ်ပိုင်းထဲကအဖမ်းခံရတာ သူ၁ယောက်တည်းပဲရှိတယ်၊ သူ့အပါအ၀င်ဖမ်းဆီးခံထားတဲ့ CNLDမြို့နယ် အချို့ကခေါင်းဆောင်တွေလည်းရှိတယ်၊ ဆလိုင်းဒုဟူးထန်းအပါအ၀င်မတရားဖမ်းဆီးခံထားရတဲ့ ချင်းလူငယ်တွေအားလုံးကိုအမြန်ဆုံးပြန်လွှတ်ပေးဖို့တောင်းဆိုချင်ပါတယ်၊ ဆလိုင်းဒုဟူးထန်ရဲ့ကျန်းမာရေးကိုအရမ်းစိုးရိမ်နေတယ်၊ဖမ်းဆီးခံထားရတဲ့သူတွေအားလုံကိုရိုက်နှက်နှိပ်စက်တာမလုပ်ဖို့နဲ့ကောင်းကောင်းမွန်မွန်မေးမြန်းဖို့နဲ့ပြီးရင်အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ် ဟုပြောသည်။

CNLDပါတီဗဟိုအလုပ်အမူဆောင် ခေါင်းဆောင် ၁ ဦးဖြစ်သည့်ဆလိုင်းဒုဟူးထန်းသည်အသက် ၃၁ နှစ်အရွယ်ရှိပြီးနိုင်ငံတကာတဣသိုလ်များတွင် မဟာဘွဲ့၂ဘွဲ့ရသည်အထိလေ့လာသင်ယူခဲ့ကာ ချင်းလူမူ့အဖွဲ့အစည်းများတွင်လည်းနှစ်အတန်ကြာတက်ကြွပါ၀င်လှုပ်ရှားခဲ့သူ၁ဦးဖြစ်သည်။

Most read this week

ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...