EU ဥရောပသမဂ္ဂက အရေးယူဒဏ်ခတ်မှုစာရင်းထဲတွင် ဒေါ်အေးနုစိန်လည်းပါဝင်လာ

EU ဥရောပသမဂ္ဂက အရေးယူဒဏ်ခတ်မှုစာရင်းထဲတွင် ဒေါ်အေးနုစိန်လည်းပါဝင်လာ

မြန်မာစစ်အာဏာသိမ်းကောင်စီတွင် ပါဝင်သည့် အရပ်သား နိုင်ငံရေးသမားများကို EU ဥရောပသမဂ္ဂက အရေးယူဒဏ်ခတ်မှုစာရင်းထဲ ထည့်သွင်းလိုက်ရာ ထိုအထဲတွင် ရခိုင်နိုင်ငံရေးအမျိုးသမီး ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်အေးနုစိန်လည်း ပါဝင်ကြောင်း VOA (မြန်မာပိုင်း)က သတင်းဖော်ပြသည်။

ဒေါ်အေးနုစိန်နှင့်အတူ အရေးယူ ဒဏ်ခတ်ခံရသူများမှာ ပဒိုမန်းငြိမ်းမောင်၊ ဦးသိန်းညွှန့်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံဆိုင်၊ စောဒယ်နီယယ်၊ ဒေါက်တာဗညားအောင်မိုး၊ ဦးချစ်နိုင်( ချစ်နိုင် - စိတ်ပညာ) တို့ဖြစ်ကြသည်။

ဦးချစ်နိုင် (စိတ်ပညာ) တစ်ဦးသာ ပြန်ကြားရေးဝန်ကြီးဖြစ်ပြီး ကျန်သူများမှာ  စစ်အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

၎င်းပြင် စစ်တပ်နှင့် ပတ်သက်သည့် စီးပွားရေးလုပ်ငန်းကြီး နှစ်ခုလည်း ဒဏ်ခတ်မည့် စာရင်းထဲတွင် ပါဝင်ပြီး ၎င်းတို့မှာ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် MEHL နှင့်  မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC တို့ဖြစ်ကြောင်း သိရှိရသည်။

ပြစ်ဒဏ်ချမှတ်ခံရသည့် လူပုဂ္ဂိုလ်အားလုံးမှာ မြန်မာ့ဒီမိုကရေစီရေးနှင့် တရားဥပဒေစိုးမိုးရေး ပျက်ပြားသွားအောင်လုပ်ဆောင်သည့် နေရာမှာ တာဝန်ရှိသည့် လူပုဂ္ဂိုလ်တွေဖြစ်သလို လူ့အခွင့်အရေးကို ချိုးဖောက်ပြီး ဆက်လက် ဖိနှိပ်သည့် နေရာတွင်  ပါဝင်ပတ်သက်သူတွေဖြစ်ကြောင်း EU ကဧပြီလ ၁၉ ရက်နေ့မှာ ထုတ်ပြန်တဲ့ကြေငြာချက်ထဲမှာဖော်ပြထားသည်ဟု VOA သတင်းတွင် ဆက်လက် ဖော်ပြသည်။

လက်ရှိ  EU ဒဏ်ခတ်အရေးယူလိုက်သည့် စာရင်းတွင် လူပုဂ္ဂိုလ် ၃၅ ဦးနှင့်  စီးပွါးရေးလုပ်ငန်းကြီးက ၂ ခုရှိသွားပြီဖြစ်ကြောင်း၊ ၎င်းလူပုဂ္ဂိုလ်များ အနေဖြင့် EU အဖွဲ့ဝင်နိုင်ငံများကိုလည်း ဝင်ရောက်ခွင့် မရှိသလို သူတို့၏ ပိုင်ဆိုင်မှုတွေလည်း ထိန်းချုပ်ခံထားရမှာဖြစ်ကြောင်း၊ ၎င်းအပြင် EU နိုင်ငံသားများနှင့် စီးပွားရေးလုပ်ငန်းများကို လည်း တွဲဖက်လုပ်ကိုင်ခွင့် ပိတ်ထားကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...