CDM လှုပ်ရှားမှုတွင်ပါဝင်သည့် ရခိုင်ကဆရာဝန်အနည်းဆုံး ၈ ဦး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံရ

CDM လှုပ်ရှားမှုတွင်ပါဝင်သည့် ရခိုင်ကဆရာဝန်အနည်းဆုံး ၈ ဦး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံရ

စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးအပါအဝင် ရခိုင်မှ အနည်းဆုံးဆရာဝန် ၈ ဦးကို CDM  လှုပ်ရှားမှုတွင်ပါဝင်သဖြင့် နစကကောင်စီမှ ပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်လိုက်ကြောင်း သတင်းရရှိသည်။

၎င်းတို့မှာ ဒေါက်တာ ယဉ်မိုးခိုင် (အထူးကု)၊ ဒေါက်တာနေလင်းဇော် (လ/ထ ဆရာဝန်)၊ ဒေါက်တာအိအိခိုင်( လ/ထဆရာဝန်)၊ ဒေါက်တာအောင်ကိုကို (လ/ထ)၊  ဒေါက်တာစိုးထက်လင်း(လ/ထ ဆရာဝန်)၊ ဒေါက်တာ လင်းသစ်လွင်( လ/ထ ဆရာဝန်)၊ ဒေါက်တာဝင်းအိခိုင်(လ/ထဆရာဝန်)တို့ ဖြစ်ကြသည်။

အမ်းပြည်သူ့ဆေးရုံမှ ဒေါက်တာ မိုးမြင့်မောင်(လ/ထ ဆရာဝန်)ကိုလည်း ပုဒ်မ ၅၀၅-က အမှုဖွင့်ထားသည်ဟု ဆိုသည်။

၎င်းဆရာဝန်များသည် ကျန်းမာရေးဝန်ထမ်းများအား CDM  လှုပ်ရှားမှုတွင် ပါဝင်ရန် လှုံ့ဆော်ခြင်း၊ ၎င်းတို့ကိုယ်တိုင် CDM လှုပ်ရှားမှုတွင် ပါဝင်လုပ်ဆောင်ခြင်း၊  CDM လှုပ်ရှားမှုကို ထောက်ခံ အားပေးကြောင်း၊  CRPH မတရားအသင်းအား ထောက်ခံအားပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိခြင်းကြောင့် ပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်ခြင်း ဖြစ်ကြောင်း မြန်မာ့အလင်း သတင်းစာတွင် ရေးသားဖော်ပြထားသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...