မြန်မာပြည်သူအပေါ် စစ်ကောင်စီ ပိုမိုအကြမ်းဖက်ပါက အာဆီယံ၏တာဝန်မကင်းဟု ၈၈မျိုးဆက်အဖွဲ့ သတိပေး

မြန်မာပြည်သူအပေါ် စစ်ကောင်စီ ပိုမိုအကြမ်းဖက်ပါက အာဆီယံ၏တာဝန်မကင်းဟု ၈၈မျိုးဆက်အဖွဲ့ သတိပေး

အာဆီယံထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံမှ စစ်ကောင်စီအား ဖိတ်ကြားမှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချလိုက် ပြီး စစ်ကောင်စီက မြန်မာြပည်သူများအပေါ် အကြမ်းဖက်သတ်ဖြတ်မှုများ ပိုမိုလုပ်ဆောင်လာပါက အာဆီယံတွင် လည်း တာဝန်မကင်းကြောင်း ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် လူ့အဖွဲ့အစည်းက သတိပေးလိုက်သည်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် ဧပြီလ ၂၄ရက်နေ့၌ ကျင်းပပြုလုပ်မည့် အဆိုပါအစည်းအဝေးကို ဖိတ်ကြားခြင်း သည် ပြည်သူ့အစိုးရကို ဖမ်းဆီးကာ ပြည်သူများအား အကြမ်းဖက်သတ်ဖြတ်နေသည့် အာဏာလုစစ်ကောင်စီကို လူရာ သွင်းရန် ကြိုးပမ်းသည့် အရိပ်လက္ခဏာများတွေ့နေသည်ဟုလည်း ဧပြီလ ၁၉ရက်၊ ယနေ့ထုတ်ပြန်သည့် ၎င်းတို့အဖွဲ့ ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

အာဆီယံအဖွဲ့သည် မိမိကိုယ်ကျိုးစီးပွားသာ အာရုံစိုက်လေ့ရှိပြီး ဒေသတွင်းနိုင်ငံများ၏ နိုင်ငံရေးပြဿနာများကို အောင်မြင်စွာ အရေးယူဖြေရှင်းနိုင်သည့် မှတ်တမ်းများမရှိခဲ့သည့်အပြင် မြန်မာနိုင်ငံ ဒီမိုကရေစီရေး ကြိုးပမ်းမှု နှစ် ၃၀ ကျော်အတွင်း စစ်တပ်ဘက်မှ ရပ်တည်ခဲ့သော သမိုင်းဆိုးများသာ ရှိခဲ့သည်ဟု ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက ပြောဆိုထားသည်။

မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ဆွေးနွေးကြမည့် အဆိုပါအစည်းအဝေးသို့ အာဏာသိမ်း စစ်ကောင်စီ၏အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တက်ရောက်မည်ဖြစ်ကြောင်း ဧပြီလ ၁၇ရက်နေ့တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန က ထုတ်ဖော်ပြောဆိုခဲ့သည်ဟု သိရသည်။

သို့သော် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက အာဆီယံထိပ်သီးအစည်းအဝေးသို့ မတက်ရောက်ဘဲ ဒုတိယဝန်ကြီး ချုပ်ဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးကိုသာ ထိုင်းနိုင်ငံကိုယ်စား စေလွှတ်ရန် ဆုံးဖြတ်လိုက်ကြောင်း ထိုင်းအစိုးရသတင်း တစ်ခုကို ကိုးကားကာ ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။

ထို့အပြင် ဧပြီလ ၁၆ရက်နေ့က ဖွဲ့စည်းလိုက်သည့် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ကလည်း အထူးဆွေးနွေးပွဲကို တက်ရောက်ခွင့်ရရေးအတွက် အာဆီယံအဖွဲ့ကို တိုက်တွန်းထားသကဲ့သို့ မြန်မာ့အရေးကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး နည်းလမ်းရှာကာ ပူးပေါင်းဆောင်ရွက်သွားရန်ကိုလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်ကြောင်း သိရသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...