နှစ်ဆန်းတစ်ရက်နေ့ ရခိုင်က အကျဉ်းသား ၁ဝ၅၀ ဦးလွတ်မြောက်ရာတွင် ဘူးသီးတောင်ထောင်မှမူဆလင် ၆ဝဝ နီးပါးပါဝင်

နှစ်ဆန်းတစ်ရက်နေ့ ရခိုင်က အကျဉ်းသား ၁ဝ၅၀ ဦးလွတ်မြောက်ရာတွင် ဘူးသီးတောင်ထောင်မှမူဆလင် ၆ဝဝ နီးပါးပါဝင်

ချစ်အိလှိုင် — ဧပြီလ ၁၇ ရက်နေ့ နှစ်ဆန်းတစ်ရက်နေ့ နံနက်က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ရခိုင်ပြည်နယ်မှ အကျဉ်းသား ၁ဝ၅၀ ဦး လွတ်မြောက်လာပြီး ယင်းအထဲတွင် ဘူးသီးတောင်ထောင်မှ ဘင်္ဂလာဒေ့ရှ် ၁၁ ဦးနှင့် မူဆလင် အကျဉ်းသား ၆ဝဝ နီးပါး ပါဝင်ကြောင်း သတင်းရရှိသည်။

လွတ်မြောက်လာသည့် အကျဉ်းသားများထဲတွင် စစ်တွေအကျည်းထောင်မှ အကျည်းသား ၂၇၇ ဦး၊ ကျောက်ဖြူအကျဉ်းထောင်မှ ၈၅ ဦး၊ သံတွဲအကျဉ်းထောင်မှ ၈၄ ဦးနှင့် ဘူးသီးတောင် အကျဉ်းထောင်မှ ၆ဝ၄ ဦး၊ စုစုပေါင်း ၁ဝ၅ဝ ဦးတို့ဖြစ်ကြောင်း သက်ဆိုင်ရာအာဏာပိုင်အရာရှိများမှ သိရသည်။

ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က “ ဘူးသီးတောင် အကျဉ်းထောင်က ခြောက်ရာလေးယောက်ပေါ့နော်။ အဲဒီထဲမှာ မူဆလင်က ၅၄၅ ယောက်နဲ့ တစ်ခြားတိုင်းရင်းသား ၅၉ ယောက်ပေါ့။ ဘင်္ဂလားဒေရှ့်နိုင်ငံသားက ၁၁ ယောက်ပါတယ်။ မောင်တောကများတယ်။ အသေးစိတ်ကတော့ သိပ်မမှတ်မိတော့ဘူး” ဟုပြောသည်။

ယနေ့လွတ်မြောက်လာသူများမှာ ပြစ်မှု၊ ပြစ်ဒဏ်ကျခံနေရသူများဖြစ်ကာ ၄င်းတို့၏ ပြစ်မူ၊ ပြစ်ဒဏ်များ၏ လေးပုံတစ်ပုံကို လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့ကြခြင်းဖြစ်ကြောင်း သံတွဲမြို့ ထောင်ပိုင်ကြီး ဦးသန့်ဇင်ဝင်းကဆိုသည်။

“ဘာသာစုံတော့ပါပါတယ်ခင်ဗျာ။ ဘာသာလေးမျိုးလုံးပေါ့။ လွတ်မြောက်လာတဲ့လူတွေကတော့ အစုံပဲပေါ့။ ကျွန်တော်တို့က ၁၇ ရက်လေးလ မတိုင်ခင်ပြစ်မှုတစ်စုံတစ်ရာကို ကျူးလွန်ထားတယ်ဆိုရင် အဲဒီပြစ်မှုရဲ့ကျတဲ့ လေးပုံတစ်ပုံကို မည်သည့်ကိုမဆိုပေးပါတယ်ခင်ဗျာ။ အဲဒီအမိန့်စာကြေငြာတဲ့ အတိုင်းလွတ်ပေးတာပါ။ အဲဒီပြစ်ဒဏ်ကိုလျှော့တယ်။ ဒီနေ့လွတ်ပေါက်ပေါ်တယ်။ အဲဒါဆိုရင် စီစစ်ပြီးတော့ လွှတ်ပေးပါတယ်။ ပြစ်ဒဏ်ကြီးငယ်နဲ့မဆိုင်ပါဘူးခင်ဗျာ” ဟုပြောသည်။

စစ်တွေအကျည်းထောင်မှ လွတ်မြောက်လာသူစစ်တွေမြို့ခံ တစ်ဦးကလည်း ၄င်းတို့ စစ်တွေအကျည်းထောင်မှ အကျည်းသား ၂၇၇ ဦးမှာ ၄င်းနှင့်အတူ လွတ်မြောက်လာကြောင်းပြောသည်။

“ကျွန်တော်လည်းလွတ်လာတာပါ။ အကြမ်းဖက်မှုပုဒ်မတွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေတော့ မပါဘူး။ ကျွန်တော်က လွတ်ရက်စေ့တာမဟုတ်ဘူး။ ငါးလကျန်သေးတယ်။ ဒီနေ့လွတ်ငြိမ်းချမ်းသာ လျှော့ရက်နဲ့လွတ်လာတာပါ။ ဆယ့်ငါးနှစ်ကနေပေါ့။ လွတ်မြောက်လာလို့ဝမ်းသာပါတယ်” ဟုပြောသည်။

ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ချမ်းမြင့်စိုးကလည်း ၄င်းတို့ အကျဉ်းထောင်မှ အမျိုးသား ၈၄ ဦးနှင့် အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၈၅ ဦးလွတ်မြောက်ခဲ့ကြောင်း အတည်ပြုပြောဆိုသည်။

၄င်းအပြင် စစ်တွေအကျဉ်းထောင်မှ အမျိုးသား ၂၅၆ ဦး၊ အမျိုးသမီး ၂၁ ဦး၊ သံတွဲအကျဉ်းထောင်မှ အမျိုးသား ၈၂ ဦး၊ အမျိုးသမီး ၂ ဦးတို့ဖြစ်ကြကြောင်း သိရသည်။

နစက အစိုးရတက်လာပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၁၂ ရက်နေ့ကတစ်ကြိမ်နှင့် ယနေ့ ဧပြီလ ၁၇ ရက်နေ့ တစ်ကြိမ် (၂) ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသားများကို လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ယနေ့တွင် လွတ်လာရာတွက် အကျဉ်းသား ၂၃၄ဝရ ဦး ပါဝင်ပြီး ၎င်းတို့ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄ဝ၁ ပုဒ်မခွဲ ၁ အရလွတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...