အမျိုးသားညီညွှတ်ရေးအစိုးရ အဖွဲ့တွင် အမျိုးသမီးဝန်ကြီး ၇ဦး ပါဝင်

အမျိုးသားညီညွှတ်ရေးအစိုးရ အဖွဲ့တွင် အမျိုးသမီးဝန်ကြီး ၇ဦး ပါဝင်

ပြည်ထောင်စုလွှတ်တော်ကိုယ်စား ပြုကော်မတီ(CRPH)က ဖွဲ့စည်းလိုက်သည့် အမျိုးသားညီညွှတ်ရေးအစိုးရ အဖွဲ့တွင် အမျိုးသမီးဝန်ကြီး ၇ဦးပါဝင်ကြောင်း ယနေ့ ဧပြီလ ၁၆ရက် နေ့စွဲဖြင့် ထုတ်ပြန်သော ကြေညာချက် အမှတ် ၂၃/၂၀၂၁ အရ သိရသည်။

ကြေညာချက်အရ ဝန်ကြီးဌာန ၁၁ခု ပါဝင်ရာ၌ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးမှာ ဒေါ်ဇင်မာအောင် ဖြစ်ပြီး အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှာ နော်စူစဲန်နာလှလှစိုးတို့ ဖြစ် ကြသည်။

ထို့အပြင် ဒုတိယဝန်ကြီးများကို တာဝန်ပေးရာတွင် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ခင်မမမျိုး၊ လူသား ချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နော်ထူးဖော၊ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဂျာပန်ထွယ်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရွှေပုံ၊ အမျိုးသမီး၊လူငယ် နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်တို့ ဖြစ်ကြသည်။

သင်္ကြန်အတက်နေ့ ဧပြီလ ၁၆ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အဆိုပါအစိုးရအဖွဲ့တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော် ဒုတိယသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့အပြင် ပြည်ထောင်စုဝန်ကြီး ၁၁ဦးနှင့် ဒုတိယဝန်ကြီး ၁၂ဦးတို့ကို တာဝန်အပ်နှင်းလိုက်ကြောင်း (CRPH)က ထုတ်ပြန်ကြေညာခဲ့သည်။

ထူးခြားချက်အားဖြင့် ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနနှစ်ခုကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော် ဝေစိုး တစ်ဦးတည်း တာဝန်ယူရပြီး ကာကွယ်ရေးဝန်ကြီးဌာနတစ်ခုတည်းတွင် ဒုတိယဝန်ကြီးများအဖြစ် ဒေါ်ခင်မမမျိုး နှင့် နိုင်ကောင်းရွက်(MSICC)တို့အပြင် ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနတွင် ဦးချစ်ထွန်းနှင့် မိုင်းဝင်းထူးတို့ ကို ဒုတိယဝန်ကြီးများအဖြစ် ခန့်အပ်ခဲ့သည်။

အမျိုးသားညီညွှတ်ရေးအစိုးရတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၊ စီမံကိန်းဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဌာန၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာ၀ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာန ၁၁ခု ပါဝင် သည်။

အဆိုပါဝန်ကြီးဌာနများတွင် တာဝန်အပ်နှင်းခံရသူ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး စုစုပေါင်း ၂၂ဦးထဲတွင် အမျိုးသမီး ၇ဦးနှင့် အမျိုးသား ၁၅ဦးတို့ ဖြစ်ကြသည်။

Photo: BGF
January 13, 2026
ဖားအံခရိုင်၊ လှိုင်းဘွဲ (ဖားအံ) မြို့နယ်ရှိ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့၏ ဥဒေါင်းစခန်းနှင့်...
Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...