ဟားခါးမြို့တွင် ကင်းလှည့်သည့် စစ်ကောင်စီကားနှင့်တိုက်မိသော ပြည်သူပိုင်ကားအား ရိုက်နှက်ဖျက်စီးခံရပြီး ငွေကျပ် ၁၃ သိန်းလုယူမှုဖြစ်ပွား

ဟားခါးမြို့တွင် ကင်းလှည့်သည့် စစ်ကောင်စီကားနှင့်တိုက်မိသော ပြည်သူပိုင်ကားအား ရိုက်နှက်ဖျက်စီးခံရပြီး ငွေကျပ် ၁၃ သိန်းလုယူမှုဖြစ်ပွား

Benezer- ချင်းပြည်နယ်ဟားခါးမြို့ Hakhathar ရပ်ကွက်ရှိ အောင်ဓာတ်ဆီဆိုင်အနီးတွင် ယမန်နေ့(ဧပြီ ၁၃) ည ၉ နာရီ ဝန်းကျင်ခန့်က ကင်းလှည့်နေသည့် အာဏာသိမ်း စစ်ကောင်စီကားနှင့် ပြည်သူပိုင်ကားတစ်စီးတို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ပြည်သူပိုင်ကားအား ရိုက်နှက်ဖျက်စီးကာ ပိုင်ရှင်ကိုပါ တစ်ညချုပ်ထားသည့်အပြင် ကားအတွင်းရှိ ငွေကျပ် ၁၃ သိန်းကိုလည်း ယူဆောင်ထားကြောင်း သိရသည်။

“မနေ့ညက ဂေါက်ကွင်းကို ဖိတ်စာကိစ္စနှင့်သွားပြီးအပြန် အောင်ဓာတ်ဆီဆိုင်နား အကွေ့မှာ သူတို့ကားနဲ့တိုက်မိတယ်၊ တိုက်မိတာနဲ့ ချက်ချင်းဘဲ ကျနော့်ကားကိုဝိုင်းပြီး ရိုက်နှက်ဖျက်ဆီးတယ်၊ ကျနော်လည်း သူတို့ကိုတောင်းပန်တယ်၊ ဒူးထောက်ပြီးတော့ကိုတောင်ပန်တာ၊ အဲမှာ ကျနော့်ကို ခြေတောက်တွေနဲ့ ကန်ကြတယ်၊ အဲနောက်ကျနော့်ကို ဖမ်းသွားပြီးတော့ ဒီနေ့မနက်မှာပြန်လွှတ်ပေးလိုက်တယ်၊ ကျနော့်ကားထဲမှာ ထားထားတဲ့ ငွေကျပ် ၁၃ သိန်းကို ကြည့်တော့ မရှိတော့ဘူး၊ သူတို့ကို မေးကြည့်တော့ တာဝန်မယူနိုင်ဘူးလို့ပြန်ပြေတယ်” ဟု ရိုက်နှက် အဖမ်းခံရသည့် ကိုညီမှပြောသည်။

ထို့ပြင် ကိုညီအား ပြန်လွှတ်ပေးလိုက်ပြီးနောက် စစ်ကောင်စီဘက်မှ ပျက်ဆီးသွားသည့် ၎င်းတို့ကားအား ပြန်ပြင်ပေးရန် ပြောဆိုခဲ့ပြီး ကားတွင်းမှ ငွေကျပ် ၁၃ သိန်းအား ပြန်ပေးမှ ပြန်ပြင်ပေးနိုင်မည်ဟု အကြောင်းပြန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ငွေများအား တာဝန်ယူဆောင်ရောက်ပေးနိုင်မည်မဟုတ်ဘဲ ကြိုက်သလို ဆောင်ရွက်ရန် ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ဟားခါးမြို့တွင် အာဏာသိမ်းစစ်ကောင်စီမှ ပြည်သူများအား အတင်းအဓမ္မဖမ်းဆီးခြင်း နေအိမ်များထိဝင်ရောက်ကာ ဖျက်ဆီးခိုးယူခြင်းများ ဆက်တိုက်ဆောင်ရွက်နေပြီး ယမန်နေ့ တစ်ရက်တည်းတွင် အနည်းဆုံး ငါးဦးခန့် ဖမ်းဆီးခံရကာ နေအိမ်နှစ်အိမ်သို့ အတင်းအဓမ္မဝင်ရောက်ဖျက်ဆီးခဲ့ကြောင်းသိရသည်။

April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...
April 23, 2026
ချင်းပြည်တောင်ပိုင်းက ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA)...
April 22, 2026
ချင်းပြည်တောင်ပိုင်းက တော်လှန်ရေးအင်အားစုများမှဖွဲ့စည်းထားသော CPU/ CPA ခေါင်းဆောင်များနှင့် ULA...