လေပြင်းတိုက်ခိုက်မှုကြောင့် စစ်ရှောင်နေအိမ်တချို့ ပျက်စီး

လေပြင်းတိုက်ခိုက်မှုကြောင့် စစ်ရှောင်နေအိမ်တချို့ ပျက်စီး

ဧပြီလ ၁၈ ရက်နေ့ ညနေပိုင်းအချိန် ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းက စစ်ရှောင်စခန်းတနေရာမှာ လေပြင်းတိုက်ခိုက်မှုကြောင့် စစ်ရှောင်နေအိမ်တချို့ ပျက်စီးသွားတယ်လို့ သိရပါတယ်။

လေပြင်းတိုက်ခိုက်မှုကြောင့် စစ်ရှောင်တဲအိမ်တလုံးပေါ်ကို သစ်ပင်ပြိုလဲခဲ့တာဖြစ်တယ်လို့ စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

"အခြေအနေ မဟန်တော့ဘူးထင်လို့ ကျမ တို့ ပြေးလိုက်တာ။ ပြေးပြီး ၁၅ မိနစ် လောက်မှာပဲ အိမ်နောက်က အပင်ကြီး အိမ်ပေါ် တည့်တည့်ကို လဲတော့တာပဲ။  အဲ့ချိန်က ကလေးအဖေက မီးဖိုချောင်ထဲက ရှိနေသေးတယ်။ ကံကောင်းလို့ သူဘာမှ မဖြစ်ဘူး" လို့ အဆိုပါ စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

လူထိခိုက်မှုမရှိခဲ့ပေမယ့် အိမ် ၊ အသုံးအဆောင်ပစ္စည်းတွေ ပျက်စီးခဲ့သလို ရပ်ထားတဲ့ ဆိုင်ကယ်လည်း ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

လေပြင်းတိုက်ခိုက်မှုအပြင် မိုးရွာသွန်းမှုကြောင့် စပါးတွေသိုလှောင်ထားတဲ့ စပါးကျီခေါင်မိုး လွင့်စင်ခဲ့တယ်လို့လည်း နောက်ထပ် စစ်ရှောင်အမျိုးသားတဦးက ပြောပါတယ်။

"လေတိုက်တာ  ၂ ခါ လာတယ်။ ပထမ တခါလာတုန်းက ကျနော့် စပါးကျီခေါင်မိုး အကုန်ပါကုန်တယ်။ တော်သေးတယ် ကျနော် အချိန်မှီ မိုးကာပြန်ပိတ်နိုင်လို့ မဟုတ်ရင် ဒုတိယ တခေါက် ထပ်လာတော့ မိုးပါပါ ရွာတယ်လေ" လို့ သူက ပြောပါတယ်။

လေပြင်းတိုက်ခိုက်မှုကြောင့် အသွားအလာလမ်းတွေမှာ သစ်ပင်တွေ ပြိုလဲဲပြီး လမ်းပိတ်ခဲ့သလို  တဲအိမ်တချို့လည်း ပျက်စီးမှုတွေ ရှိခဲ့တာပါ။ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ စစ်ရှောင် အိမ်ခြေ ၂၅၀၀ ဝန်းကျင် ရှိပြီး လူဦးရေ ၁သောင်းကျော် ရှိပါတယ်။

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...