ဖလမ်းမြို့တွင် အာဏာသိမ်းစစ်​ကောင်စီက လူငယ်တစ်ဦးကိုဖမ်းဆီး

ဖလမ်းမြို့တွင် အာဏာသိမ်းစစ်​ကောင်စီက လူငယ်တစ်ဦးကိုဖမ်းဆီး

ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက ဧပြီလ ၁၅ ရက်နေ့ ယမန်နေ့ ညအချိန်တွင် ရှောင်တခင် ဧည့်စာရင်း စစ်ဆေးကာ ဆန္ဒပြရာတွင်အသုံးပြုသော ပစ္စည်းများကို တွေ့ရှိသောကြောင့် လူငယ်တစ်ဦး ဖမ်းဆီးခံရသည်ဟု သိရသည်။

“မနေ့ည သူ့အိမ်မှာပဲ ရှောင်တခင် ဧည့်စာရင်းစစ်ရင်းနဲ့ ဆန္ဒပြတဲ့ ဦးထုပ်တို့၊ အကာတို့ နောက်ပြီးတော့ ကျည်ခွံ ၄၀ တွေ့တာဆိုတော့ အခုက အမှုမဖွင့်သေးပေမဲ့လည်း ကျည်ခွံကိစ္စကြောင့်ပဲ စွဲချက်တင်ခံရမယ်နဲ့တူတယ်၊ ကျွန်တော်တို့ မထုတ်နိုင်တော့ဘူး၊ သက်သေခံပစ္စည်းတွေကို လက်ဝယ်တွေ့မှုပေါ့” ဖလမ်းမြို့ခံတစ်ဦးက ပြောသည်။

အဖမ်းခံရသူမှာ ဖလမ်းမြို့၊ ကျင်မွာလ်ရပ်ကွက်တွင်နေထိုင်သော အသက် ၂၄ နှစ်အရွယ် Salai Cung Lian Mang ဖြစ်ပြီး ဖလမ်းမြို့ရဲစခန်းတွင် ထိန်းသိမ်းလျက်ရှိကာ ဘာသာရေးခေါင်းဆောင်များက သွားရောက်ညှိနိုင်းနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း စစ်ကောင်စီဖက်မှ ဆန္ဒပြသူများကိုဖြိုခွင်းခဲ့ပြီး လူငယ် (၃) ဦးကို ဖမ်းဆီးခံခဲ့ရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...