တမူးမြို့ ပစ်ခတ်မှုကြောင့် ဒေသခံအမြောက်အများ အိန္ဒိယဘက်ထွက်ပြေး

တမူးမြို့ ပစ်ခတ်မှုကြောင့် ဒေသခံအမြောက်အများ အိန္ဒိယဘက်ထွက်ပြေး

အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်းတမူးမြို့တွင် ယနေ့နံနက်ပိုင်းကစ၍ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များက အင်အား အလုံးအရင်းဖြင့် ပြည်သူ့လုံခြုံရေးခံတပ်များကို ပစ်ခတ်ဖြိုခွင်းကာ မင်္သကာသည့်အိမ်များကို ဝင်ရောက်ရှာဖွေမှုများရှိ နေသည့်အတွက် ဒေသခံပြည်သူ ၂၀၀ ကျော် အိန္ဒိယဘက်ထွက်ပြေးကြရသည်ဟု သိရသည်။

ယနေ့တမူးပစ်ခတ်မှုတွင် ၆ နှစ်အရွယ်ကလေးငယ်တစ်ဦးကျည်ထိမှန်သည်ဟုသိရပြီး လူငယ်တစ်ဦးကိုလည်း ဓာတ်တိုင်မှာကြိုးတုပ်ဖမ်းထားကာ အပြင်မှာတွေ့ရှိသည့်ယောကျာင်္လေးမှန်သမျှကို လိုက်လံဖမ်းဆီးနေသည်ဟု တမူးဒေသခံကပြောသည်။

“တမူးမြို့ စျေးတန်း ၇/၈ ကို Operation ဝင်တယ်၊ တစ်အိမ်တက်ဆင်းဝင်တယ် သူတို့သံသယရှိတဲ့သူတွေကို တိုင်မှာ ကြိုးတုပ်ပြီး ရိုက်တယ်ဖမ်းတယ်ခေါ်သွားတယ် အခု ပြည်သူ အယောက် ၂၀၀ ကျော်က အိန္ဒိယဘက်ကို ထွက်ပြေးကြပြီ၊ ’’ ဟု တမူးဒေသခံကပြောသည်။

ထို့အပြင် Grace ဆေးရုံးဝင်အတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များဝင်ရောက်ပြီး သူနာပြုဆရာမများအား ရိုက်နှက်ခြင်းပြုလု ပ်ခဲ့သည့်အပြင်၊ တမူးမြို့ Methodist ဘုရားကျောင်းဝင်းထဲသို့ဝင်ရောက်ရှာဖွေစစ်ဆေးမှုများလည်းပြုလုပ်သည်ဟု သိရသည်။

အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များသည် ယခုချိန်ထိ အာရှလမ်း၊ အလောင်းဘုရားလမ်း၊ မြို့ရှောင်လမ်းတို့တွင် တပ်စွဲထားသည်သည်ဟုသိရသည်။

ပြီးခဲ့သည့်ဧပြီလ ၁၀ ရက်နေ့ တမူးမြို့ပစ်ခတ်မှုတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦးသေဆုံးမှုရှိခဲ့သည့်အတွက် တမူးမြို့ကို အင်အားအလုံးအရင်းဖြင့် ပစ်ခတ်မှုများပြုလုပ်နေခြင်းဖြစ်သည်ဟု ယူဆရသည်။

April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...
April 23, 2026
ချင်းပြည်တောင်ပိုင်းက ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA)...
April 22, 2026
ချင်းပြည်တောင်ပိုင်းက တော်လှန်ရေးအင်အားစုများမှဖွဲ့စည်းထားသော CPU/ CPA ခေါင်းဆောင်များနှင့် ULA...