ပလက်ဝမြို့တွင် PSI စလောင်းစက်များကို သိမ်းဆည်း

ပလက်ဝမြို့တွင် PSI စလောင်းစက်များကို သိမ်းဆည်း

ချစ်အိလှိုင် - ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ် ရပ်ကွက် ၃ ခုတွင် PSI စလောင်းစက်များကို ယနေ့ ညနေ ၅ နာရီခန့်ကစတင်၍  သိမ်းဆည်းနေကြောင်း သတင်းရရှိသည်။

ပလက်ဝမြို့ရှိ မြို့မရပ်ကွက်၊ ရွာမရပ်ကွက်နှင့် ရိက္ခာရပ်ကွက်တို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် သိမ်းဆည်းနေကြောင်း၊  ရပ်ကွက်ရာအိမ်မှူးများထံ PSI စလောင်းများကို အပ်နှံကြရန် ရွာဆော်များက  လက်ကိုင်မိုက်ဖြင့် အော်သဖြင့် သွားရောက်အပ်နှံကြရခြင်းဖြစ်ကြောင်း မြို့မရပ်ကွက်မှ ဦးမောင်သန်းက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

“ သူတို့တောင်းလို့ သွားပေးရတာ။ အခုပေးနေကြတာပါ။ စလောင်းခွက်ကိုတော့ မယူဘူး။ စက်ကိုသိမ်းဆည်းတာပါ။ ကျွန်တော်တို့ ကတော့ တပ်ကယူခိုင်းတာလို့ ထင်ပါတယ် ။တစ်မြို့လုံး အပ်ရတာပါ။ ဘာလို့သိမ်းတာလည်းတော့ သေချာ မမေးခဲ့ဘူး။ ပေးဆိုရင်သွားပေးကြတာ။ PSI ကို တစ်မြို့လုံးလိုလိုသုံးကြတယ် ဒီမှာက” ဟုပြောသည်။

မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစံသိန်းက PSI စလောင်းစက်များကို သိမ်းဆည်းနေခြင်းမှာ ဟုတ်မှန်ကြောင်း ပြောကြားသည်။

 “ မနက်ဖြန် ၁၂ နာရီမှာ စခန်းကို အပ်ရမယ်။ ရပ်ကွက်ရုံး ကနေပြီးတော့ စာရင်းဇယားနဲ့မှတ်ပြီး လက်ခံပြီး ရဲကို စာရင်းနဲ့အပ်ရမှာ။ ပြည်နယ်က ညွှန်ကြားတာလို့ သိရတယ်။ ညွှန်ကြားတဲ့အထဲမှာ မြို့နယ်ရုံးကလည်း ပါတယ်။ ရဲလည်းပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်း  ပါတယ်။ မီးသတ်လည်းပါတယ်။ စက်တလုံးကို အပ်လိုက်ပါလို့ ပြည်သူတွေကို ပြောထားတယ်။ ဘာလုပ်ဖို့လည်း ဆိုတာမသိရဘူူး။ ပြန်ရရင်အဆင်ပြေအောင် စာရင်းမှတ်ထားတယ်” ဟုပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပလက်ဝမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်လောဟာအား မေးမြန်းစုံစမ်းရန် ဆက်သွယ်ရာ ဆက်သွယ်မှုမရရှိခဲ့ပါ။

August 8, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) ဝင်ရောက်တိုက်ခိုက်လာနိုင်သည်ဟု ယူဆနေသည့် စစ်အုပ်စု...
August 7, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာ ၁၀၆ ရွာတို့တွင် ဩဂုတ်လ ၆ ရက်နေ့အထိ...
August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...
August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...