ဈေးကွက်မရှိ၍ ရေထွက်ပစ္စည်းဝယ်ယူသည့် ရခိုင်က ဒိုင်အချို့ ရပ်နား

ဈေးကွက်မရှိ၍ ရေထွက်ပစ္စည်းဝယ်ယူသည့် ရခိုင်က ဒိုင်အချို့ ရပ်နား

စစ်တပ်မှ  နိုင်ငံတော်အာဏာသိမ်းပြီးနောက် ပြည်တွင်းမငြိမ်သက်မှုများကြောင့် ရခိုင်ဒေသမှ ရေထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ကိုင်သည့် ဒိုင်တချို့ရပ်နားလိုက်ရပြီး ယင်းလုပ်ငန်းများကို မှီခိုလုပ်ကိုင်နေသည့် လုပ်သားများလည်း အခက်ကြုံနေရသည်။

ငါး၊ ပုစွန်၊ ဂဏန်း ကို အဓိကရောင်းဝယ်လုပ်ကိုင်သော တောင်ကုတ်၊ မာန်အောင်၊ ကျောက်ဖြူ၊ သံတွဲ၊ ရမ်းဗြဲ၊ ပေါက်တောနှင့် စစ်တွေမြို့နယ်များမှ ဒိုင်အချို့မှာ ပြည်မမှ အဝယ်ရပ်နားလိုက်သဖြင့် အခက်ကြုံနေရကြောင်း မာန်အောင်မြို့မှ ငါး၊ ပုဇွန် ဝယ်ယူရေးလုပ်ငန်းရှင် ဦးခင်မောင်ရီက ပြောသည်။

“အဓိကတော့ ကုန်သွယ်ရေးလမ်းကြောင်း မရှိဘူး။ ပြီးတော့ ပြည်တွင်းမှာ မငြိမ်မသက်ဖြစ်တော့ စားသုံးသူမရှိတော့ ကျနော်တို့ ပို့မည့်နေရာလည်း မရှိတော့ဘူး။ အဲဒါကြောင့် ဝယ်ယူရေးကို ရပ်လိုက်ရတာ ဖြစ်တယ်” ဟု ပြောသည်။

၂၀၂၀ ခုနှစ်၊ COVID-19 ဖြစ်ပွားချိန်မှစ၍ ရေထွက်ကုန်ပစ္စည်း ဈေးကွက်ထိခိုက်မှုတချို့ရှိခဲ့သော်လည်း ယခုလို ဆိုးဆိုးရွားရွားဖြစ်ခြင်းမရှိခဲ့သလို လုပ်သားနှင့်ဝယ်ယူသူ ရပ်တည်ရေးအတွက် အဆင်ပြေခဲ့ကြောင်း ရမ်းဗြဲမြို့နယ်မှ ရေထွက်ပစ္စည်းဝယ်ယူသူ ကိုမင်းမင်းက ဆိုသည်။

“ကိုဗစ်ဖြစ်ခဲ့တုန်းက ပုံမှန်ပို့ရတယ်။ ဈေးမရှိတာက ဈေးမရှိတာတစ်ကြောင်း လည်ပတ်ဖို့လွယ်ခဲ့တယ်။ အခုတော့ လည်ပတ်ဖို့အတွက် တော်တော်လေး ခက်ခဲတယ်” ဟုဆိုသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အင်တာနက်များကို ဖြတ်တောက်လိုက်ခြင်းကြောင့် အဝယ်ဒိုင်များအနေဖြင့် ငွေကြေးလည်ပတ်မှုများတွင် အခက်တွေ့နေပြီး ယင်းကဲ့သို့ ရေရှည်ရပ်တည်ရမည်ဆိုပါက ငါး၊ ပုစွန် အဝယ်ဒိုင်များအနေဖြင့် ဒေဝါလီခံရမည်ဟု ငါး၊ ပုဇွန် လုပ်ငန်းလုပ်ကိုင်သူ ဦးအောင်သူဝင်းက ပြောသည်။

ငါးပုစွန် ဝယ်ယူသူများအနေဖြင့် ငါး၊ ပုစွန်များကို ဝယ်ယူပြီး ရက်တာရှည် သိမ်းဆည်းထားရသည့်အတွက် ပျက်စီးဆုံးရှုံးမှုများရှိနေကြသည်။

ယင်းအပြင် ဒိုင်များ လုပ်ငန်းရပ်နားခြင်းကြောင့် ငါး၊ ပုဇွန် မွေးမြူရေးလုပ်ငန်းရှင်များလည်း စားဝတ်နေရေးထိခိုက်သည်ဟု ရမ်းဗြဲမြို့နယ်မှ ပုစွန်၊ ဂဏန်းမွေးမြူသူ ကိုမင်းနိုင်က ပြောသည်။

“အခု ဒိုင်တွေမှာ မဝယ်တော့ဘူး။ ကျနော်တို့မှာလည်း ဒီအတိုင်း ဘာမှလုပ်ကိုင်လို့လည်းမရဘူး။ ကိုဗစ်တုန်းကတစ်ခါ အခုတစ်ခါဆိုတော့ တော်တော်လည်း ဆိုးရွားလာတာဖြစ်တယ်” ဟု ဆိုသည်။

မွေးမြူရေးလုပ်ကိုင်သူများမှာ လုပ်ငန်းပုံမှန်လည်ပတ်မည်ဆိုပါက တစ်နှစ်လုပ်ခ ငွေကျပ်သိန်း ၃၀၀ အထိ လည်ပတ်မှုရှိပြီး ယခုအခါ တစ်နှစ်အတွင်း ငွေကျပ်သိန်း ၁၀၀ ခန့်တောင် လည်ပတ်မှုမရှိသလို အဝယ်ဒိုင်များအနေဖြင့်လည်း ယခင်က နှစ်စဉ် တစ်လကို ငါး၊ ပုဇွန်၊ ဂဏန်း တန်ချိန် ၁၀၀၀၀ ထိ ပို့ခဲ့ရပြီး လက်ရှိတွင် တစ်လကို တန်ချိန် ၁၀၀၀ ခန့် ပို့ဆောင်နိုင်ရေးပင် အခက်အခဲများစွာရှိနေကြသည်။

April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...
April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...