ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို စွဲဆိုထားသည့်အမှုတွင် တရားလိုကိုစတင်စစ်ဆေး

ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို စွဲဆိုထားသည့်အမှုတွင် တရားလိုကိုစတင်စစ်ဆေး

နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅(ခ)ဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို ဗွီဒီယိုအွန်လိုင်းစနစ်(Video Conferencing)ဖြင့် ယနေ့(ဧပြီလ ရ ရက်)တွင် ရုံးထုတ်စစ်ဆေးရာ၌ တရားလိုကို စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။

အမှုသည်နှင့် ရှေ့နေလူချင်းမတွေ့ရသေးသဖြင့် အမှုကို ထပ်မံရုံးချိန်းပေးရန် တရားရုံး၌တောင်းဆိုခဲ့ကြောင်း အမှုကို လိုက်ပါဆောင်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းကပြောသည်။

“အမှုရဲ့အကြောင်းအရာကို အမှုသည်နဲ့တွေ့ခွင့်မရတဲ့အတွက် အမှုနဲ့ပတ်သက်လို့ ခုခံချယ်ပဖို့အတွက် ကျွန်တော်တို့ ဘာမှပြင်ဆင်ထားတာမရှိသေးဘူး။ ဦးညီပုနဲ့ ရှေ့နေတွေ တွေ့ခွင့်ပေးပြီးမှ (Video Conferencing)နဲ့ပဲဖြစ်ဖြစ်၊ ဘာနဲ့ပဲဖြစ်ဖြစ် အဲဒါစစ်ခွင့်ပေးပါ။ ဒီတစ်ခေါက်ရုံးချိန်းကတော့ ဦးညီပုနဲ့ ရှေ့နေနဲ့ မတွေ့ရသေးတဲ့အတွက် နောက်ရုံးချိန်းပေးပါလို့ တရားရုံးမှာလျှောက်ခဲ့ပါတယ်” ဟု ဦးအောင်စစ်မင်းက ဆိုသည်။

သို့သော် အမှုတိုးတက်ရာတိုးတက်ကြောင်းဟုဆိုကာ ဦးညီပုရှေ့နေ၏လျှောက်ထားချက်ကို ပယ်ချပီး တရားလို ဖြစ်သူ စစ်တွေမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းကို တရားရုံးမှစစ်ဆေးခဲ့ကြောင်း ၎င်းက ပြောသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က တပ်မတော်မှ နိုင်ငံတော်အာဏာသိမ်းစဉ် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး ၂ ရက်အကြာတွင် ပြန်လွှတ်ပေးကာ နေအိမ်အကျယ်ချုပ်ဖြင့်ထားခဲ့သည်။ ယင်းနောက် ဦးညီပုမှ ပြည်သူသို့ပြန်ကြားချက် ဗွီဒီယိုဖိုင်တစ်ခုကို ဖေဖေါ်ဝါရီလ ၉ ရက်နေ့တွင် ၎င်း၏ လူမှုကွန်ယက် စာမျက်နှာမှတစ်ဆင့်ဖော်ပြခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ည ၁၀ နာရီကျော်အချိန်တွင် တပ်မတော် သားများမှ ထပ်မံဖမ်းဆီးခဲ့သည်။

ဦးညီပုကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅(ခ) ဖြင့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က စစ်တွေမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့သည်။

ဦးညီပုမှာ အကျဉ်းထောင်တွင်မဟုတ်ဘဲ တပ်မတော်၏ ထိန်းသိမ်းမှုအောင်တွင်ရှိနေကြောင်းနှင့် လက်ရှိ အချိန်ထိ ရှေ့နေနှင့်လည်းတွေ့ခွင့်မရသလို မိသားစုဝင်များနှင့်တွေ့ခွင့်မရသေးကြောင်း တရားလွှတ်တော် ရှေ့နေ ဦးအောင်စစ်မင်းက ဆိုသည်။

“ဖွဲ့စည်းပုံအခြေအခံ ဥပပေပုဒ် ၃၄၇ အရဆိုရင် နိုင်ငံသားတိုင်းမှာ ဥပဒေပါအခွင့်အရေးကို တန်းတူညီမျှရခွင့် ရှိတယ်။ ဦးညီပုဆိုတာလည်း နိုင်ငံသားတစ်ဦးပဲ။ အဲဒါကြောင့် ရှေ့နေနဲ့တွေ့ခွင့်ရရှိပြီးတော့ ဥပဒေပါ အခွင့် အရေးတွေကို ညီတူညီမျှခုခံခွင့်ရအောင် ကျွန်တော်တို့ကဥပဒေနဲ့အညီ ရသင့်ရထိုက်တာကို ရအောင် တောင်းဆိုခဲ့တယ်” ၎င်းကပြောသည်။

ဦးညီပုကိုစွဲဆိုထားသည့်အမှုအား ဆက်လက်စစ်ဆေးရန် လာမည့် ဧပြီလ ၂၁ ရက်နေ့ကို ချိန်းဆိုလိုက်ကြောင်း သိရသည်။

Most read this week

စစ်တွေမြို့နယ်၊ သဲချောင်းကျေးရွာအတွင်း လှုပ်ရှားသွားလာနေသော မွတ်ဆလင်များအား ၂၀၂၂ ခုနှစ်က တွေ့ရစဉ်။
February 25, 2026
ရခိုင်ပြည် စစ်တွေမြို့နယ်ရှိ မွတ်ဆလင်ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများအပါဝင် ဒေသခံများကို...
လေကြောင်းအန္တရာယ်ကြောင့် ဗုံးခိုကျင်းတစ်ခုတွင် ဝပ်နေကြရသည့် ရခိုင်က ကလေးငယ်များကို တွေ့ရစဉ်။ ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်း
February 24, 2026
စစ်ရေးပဋိပက္ခများနှင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအောက်တွင် ရခိုင်ပြည်က ကလေးသူငယ်များမှာ...
စစ်ကောင်စီ၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သန်းဦးနှင့်အဖွဲ့ ကျောက်ဖြူရှိ Vpower ဓာတ်အားပေး စက်ရုံသို့ ၂၀၂၂ ခုနှစ် ဇွန်လက လာရောက်ခဲ့စဉ်။ (ဓာတ်ပုံ-MOI)
February 23, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ တရုတ်အစိုးရပိုင် CNTIC နှင့် ဟောင်ကောင်အခြေစိုက် V Power...
အိန္ဒိယ - ပလက်ဝ ကုန်သွယ်ရေးလမ်းကြောင်းတစ်နေရာအားတွေ့ရစဉ်။ ဓာတ်ပုံ - DMG
February 21, 2026
အိန္ဒိယနိုင်ငံသား ကားသမားတစ်ဦး သေဆုံးမှုကြောင့် ပိတ်ထားသည့် အိန္ဒိယ - ရခိုင်...