ဆေးရုံနှင့် ကျန်းမာရေးဝန်ထမ်းများအပေါ် တိုက်ခိုက်မှု အနည်းဆုံး ၂၈ ကြိမ်ရှိဟု ကုလပြော

ဆေးရုံနှင့် ကျန်းမာရေးဝန်ထမ်းများအပေါ် တိုက်ခိုက်မှု အနည်းဆုံး ၂၈ ကြိမ်ရှိဟု ကုလပြော

ဖေဖော်ဝါရီလ ၁ ရက်နေ့ တပ်မတော်မှ နိုင်ငံတော်အာဏာသိမ်းပြီးနောက် ဧပြီလ ၆ ရက်နေ့အထိ ဆေးရုံနှင့် ကျန်းမာရေးဝန်ထမ်းများအပေါ် တိုက်ခိုက်မှုပေါင်း အနည်းဆုံး ၂၈ ကြိမ်ရှိခဲ့ကြောင်း ကုလသမဂ္ဂက ပြောသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူမှ မနေ့က ဧပြီလ ၆ ရက်နေ့က နေ့စဉ်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။

စာသင်ကျောင်းများနှင့် ပညာရေးဝန်ထမ်းများအပေါ် တိုက်ခိုက်မှုပေါင်း ၇ နှစ်ကြိမ်ရှိပြီဖြစ်ကြောင်းနှင့် ကျန်းမာရေး စေတနာ့ဝန်ထမ်းများနှင့် အရေးပေါ် လူနာတင်ယာဉ်များကို တိုက်ခိုက်ခြင်းသည် လုံခြုံရေးတပ်ဖွဲ့ကြောင့် ထိခိုက်ဒဏ်ရာရသည့် အရပ်သားများထံသို့ အသက်ကယ်အကူအညီများ ရောက်ရှိစေခြင်းကို တားဆီးခြင်းဟု ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် မြေပြင်ရှိ UN ၏ လုပ်ဖော်ကိုင်ဖက်များက နိုင်ငံ၏ ကျန်းမာရေးနှင့် ပညာရေးစနစ်များအပေါ် သက်ရောက်မှုရှိနေသော ဆက်လက်ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး အလွန် စိုးရိမ်နေရဆဲဖြစ်ကြောင်းလည်း ဆိုသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်နှိမ်နင်းမှုကြောင့် ကလေးငယ်များနှင့် အမျိုးသမီးအပါအဝင် ပြည်သူ ၅၈၀ ကျော်ကျဆုံးနေရကြောင်း AAPP ၏ ထုတ်ပြန်ချက်အရ သိရပြီး ယင်းကဏန်းများမှာ သိသိသာသာမြင့်တက်လာနိုင်ကြောင်း ကုလသမဂ္ဂမှ ဧပြီ ၅ ရက်နေ့က သတိပေးထားသည်။

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုနှင့် ညှင်းပန်းနှိပ်စက်မှုတို့ကြောင့် ထွက်ပြေးတိမ်းရှောင်လာသူ အားလုံးတို့ကို ကာကွယ်ပေးရန် အရှေ့တောင်အာရှဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးရုံးမှ ဒေသတွင်းရှိ နိုင်ငံများအား ဧပြီလ ၁ ရက်နေ့က တောင်းဆိုထားသည်။

နိုင်ငံအတွင်း၌ လျင်မြန်စွာ ဆိုးရွားလာသော လူ့အခွင့်အရေးဆိုင်ရာ အခြေအနေဖြစ်ပေါ်လာမှုကို အကြောင်းပြု၍ ဒုက္ခသည်များနှင့် အထောက်အထားမရှိသော ရွှေ့ပြောင်းလုပ်သားများကို အဓမ္မ ပြန်ပို့ခြင်း မပြုလုပ်ကြရန် လူ့အခွင့်အရေးရုံးမှ နိုင်ငံများအား တိုက်တွန်းထားသည်။

ကရင်ပြည်နယ်အတွင် မကြာသေးမီက လေကြောင်းမှတိုက်ခိုက်မှုကြောင့် ထောင်ပေါင်းများစွာသော အရပ်သားပြည်သူများ ထွက်ပြေးတိမ်း‌ရှောင်နေရသည့်အတွက် ဒေသတွင်းရှိ နိုင်ငံများမှ ခိုလှုံခွင့်ပေးရန်နှင့် အခြားနိုင်ငံတစ်ခုခု၌ ခိုလှုံခွင့်တောင်းခံသူများ နယ်စပ်ဖြတ်ကျော်လာသူ မည်သူမဆိုအား ဖြတ်ကျော်ခွင့်ပေးရေးသည် လွန်စွာ အရေးကြီးကြောင်း UNHCR က ပြောထားသည်။

Most read this week

မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...
စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...