လွတ်လပ်ရေးယူတာ မှားများမှားနေသလား ဒေါက်တာအေးမောင် ပြော

လွတ်လပ်ရေးယူတာ မှားများမှားနေသလား ဒေါက်တာအေးမောင် ပြော

မြန်မာနိုင်ငံမှာ ၁၉၄၇ ပင်လုံကတိကဝတ်မှ လွတ်လပ်ရေးယူလာတာကိုက မှားများမှားနေသလားဟု လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာအေးမောင်က DMG ၏ မေးမြန်းခန်းတစ်ခုတွင် ပြောကြားလိုက်သည်။

“ ပြန်ကြည့်ရင် ၄၇ လွတ်လပ်ရေးကို ယူလာတာကိုက မှားများမှားနေသလား၊ ၄၇ လွတ်လပ်ရေးကို ယူဖို့အတွက် ပင်လုံစာချုပ် ချုပ်ဆိုခဲ့တဲ့ ဥစ္စာကို နော် ကျနော်တို့ ဘာလိုအပ်ချက်များရှိခဲ့သလဲ။ အဲတော့ ပြန်သုံးသပ်ဖို့ လိုတာပေါ့။ ဘာကြောင့် ဒီလောက်ပြင်းထန်တဲ့ ပြည်တွင်းစစ်တွေ ဖြစ်ကြသလဲ။ ကျနော်အခုနက ပြောတဲ့အတိုင်းပဲ ၄၇ ပင်လုံကြောင့် ကျနော်တို့ယူတဲ့ လွတ်လပ်ရေး မှန်ခဲ့ရဲ့လား။ ဒီပုံဒီနည်း ယူခဲ့သင့်သလား။ ဒါကိုသမိုင်းက သင်ခန်းစာထုတ်ဖို့လိုတယ်။ ” ဟု ပြောသည်။

လက်ရှိ ရခိုင်၏ အကျပ်အတည်း ရခိုင်လူမျိုးတို့၏ ရည်မှန်းချက်ကို နားလည်ကြောင်း၊  နှစ်ပေါင်း ၇၀ ခန့် ၁၉၄၇ က စပြီး ဖွဲ့စည်းလာသည့် မြန်မာနိုင်ငံ၏ ပြည်ထောင်စုအကျပ်အတည်းကို တိုင်းရင်းသားအားလုံး၏ကိုယ်စား နားလည်ခံစားကြောင်း၊ ယင်းကြောင့် ယခုအကျပ်အတည်းကို မည်ကဲ့သို့ ဖြေရှင်းမည်နည်းဆိုသည့် ဖြေရှင်းပုံဖြေရှင်းနည်း မမှန်လို့သာ ယခုလို ပဋိပက္ခဖြစ်နေရကြောင်း ဒေါက်တာအေးမောင်က သုံးသပ်သည်။

“ ဒီဒုက္ခသည် သုံးသိန်းလောက်ဆိုတာ ရခိုင်သမိုင်းမှာ ပြန်ကြည့်ပါ မရှိခဲ့ဘူး။ ဒုတိယကမ္ဘာ့စစ်တုန်းကတော့ ရှိခဲ့မှာပေါ့။ ဝါဒရေးရာနဲ့ ပတ်သက်တဲ့ BCP တော့၊ ACP တော့ ခေတ်ကလည်း အဲလောက်မရှိခဲ့ဘူး။ ” ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်မှ နိုင်ငံတော်အာဏာ သိမ်းလိုက်ပြီးနောက် ပြည်သူလူထုမှ ကန့်ကွက်ဆန္ဒဖော်ထုတ်များ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိနေသည်။ ယင်းဆန္ဒဖော်ထုတ်မှုကို လုံခြုံရေးတပ်ဖွဲ့ဝင်များ နှိမ်နင်းမှုကြောင့် ကလေးငယ်အပါအဝင် သေဆုံးသူ အရပ်သား ၅၈၀ ကျော်ရှိပြီး ဖမ်းဆီးခံရသူ ၂၇၀၀ ကျော်ရှိပြီဟု AAPP က ထုတ်ပြန်ထားသည်။

ယင်းအပြင် ကရင်ပြည်နယ်မှာ တပ်မတော်နှင့် KNU တို့ တိုက်ပွဲ နေ့စဉ်လိုလို ပြင်းထန်နေသလို ကချင်ပြည်နယ်မှာလည်း တပ်မတော်နှင့် KIA တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိနေကြသည်။ ယင်းတိုက်ပွဲများကြောင့် ဒုက္ခသည်ပေါင်း တစ်သိန်းကျော်ရှိနေပြီဟု မှတ်တမ်းစုဆောင်သူများထံမှ သိရသည်။

အလားတူ ရခိုင်ပြည်နယ်မှာလည်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားမည်ကို ပြည်သူလူထုက စိုးရိမ်နေကြသလို အဆင်ပြေသည့်နေရာများတွင် လက်ရှိခိုလှုံနေကြသည့် ဒုက္ခသည်ပေါင်း တစ်သိန်းသုံးသောင်းရှစ်ရာကျော်မှာလည်း မိမိနေရပ်သို့ မပြန်နိုင်ဘဲ ဖြစ်သွားမည်ကို စိုးရိမ်နေကြသည်။

ရခိုင်အရပ်ဘက်အဖွဲ့အစည်းများနှင့် တက်ကြွလှုပ်ရှားသူများက ရခိုင်ပြည်နယ်တွင် တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားမည်မှာ လက်ရှိအနေအထားအရ အလားအလာနည်းကြောင်း သုံးသပ်နေကြသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တပ်မတော်မှ ရခိုင်ပြည်နယ်သို့ တပ်မတော်စစ်သားများ ပို့ဆောင်ပြီး အင်အားတိုးချဲ့နေသည့် သတင်းထွက်ပေါ်မှုနှင့် ပတ်သက်၍ ဒေါက်တာအေးမောင် တကျော့ပြန်တိုက်ပွဲအတွက် မဖြစ်နိုင်ကြောင်း ခန့်မှန်းထားသည်။

စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...
လောင်တလိုင်မြို့ တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။ / DMG
September 3, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း၌ စက်တင်ဘာလ ၁ ရက်မှစ၍...
ဓာတ်ပုံ - (ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသရှိ ကျေးရွာတစ်ရွာကို တွေ့ရစဉ် / DMG)
September 2, 2026
ရခိုင်ပြည်အတွင်းရှိ ဝေလံခေါင်ဖျားဒေသများနှင့် သွားလာရခက်ခဲသော ကျေးလက်ဒေသများတွင် ဆေးရုံ၊...
ဓာတ်ပုံ - (အာရက္ခမှုခင်းနှင့် သတင်းထုတ်ပြန်ရေး / DLEPS က ထုတ်ပြန်လာသည့် ယခုနှစ်အတွင်း ရခိုင်မှ ထွက်ခွာစဉ် ဖမ်းဆီးခံထားရသူများ)
September 1, 2026
ရခိုင်ဒေသအတွင်း လူကုန်ကူးမှု တားဆီးကာကွယ် နှိမ်နင်းနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်...