စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် သေဆုံးသူ ၅၈၁ ဦးထိရှိလာ

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် သေဆုံးသူ ၅၈၁ ဦးထိရှိလာ

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် နွေဦးတော်လှန်ရေးကာလအတွင်း ဧပြီလ ၆ ရက်နေ့အထိ သေဆုံးသူဦးရေ ၅၈၁ ဦးရှိပြီး ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၂၇၅၀ ဦးအထိရှိကြောင်း နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ထုတ်ပြန်သည်။

ထို့အပြင် နွေဦးတော်လှန်ရေးပြုလုပ်မှုကြောင့် ဖမ်းဝရမ်းထုတ်ခြင်းခံထားရ၍ တိမ်းရှောင်နေရသူ ၄၆၃ ဦးရှိသည်ဟု AAPP မှ ထုတ်ပြန်ထားသည်။

တပ်မတော်၏ လက်အောက်ခံ ရဲနှင့်စစ်သားများမှ မန္တလေးကျန်းမာရေးမိသားစု သပိတ်စစ်ကြောင်းကို ဧပြီလ ၆ ရက်နေ့က လူစုနေချိန်၌ဖြိုခွင်းခဲ့၍ တစ်ဦးကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကာ ဆရာဝန် ၄ ဦး ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု ဆိုသည်။

(AAPP) ၏ တာဝန်ရှိသူတစ်ဦးက “စစ်တပ်ဆိုတာက ကျနော်တို့ပြည်သူတွေရဲ့အသက်အိုးအိမ်တွေ ကာကွယ်ပေးရမှာဖြစ်တယ်၊ အခုက ဒီလိုမျိုး အပြစ်မဲ့ပြည်သူတွေကို သတ်နေတဲ့အတွက် ကျနော်တို့ စစ်တပ်လို့တောင် မသုံးချင့်တော့ဘူး။ ဒါက တကယ်ကို လက်နက်ကိုင်ထားတဲ့ အကြမ်းဖက်အဖွဲ့တွေလို ဖြစ်နေတယ်။ အဲဒီတော့ ကျဆုံးသွားတဲ့ပြည်သူတွေရဲ့ အသက်တွေ၊ ပေးဆပ်မှုတွေ၊ အဖမ်းခံထားရပြီး ညှဉ်းပန်းနှိပ်စက်ခံထားရတဲ့ သူတွေရဲ့ ဘဝတွေကို အလကားမဖြစ်စေ ရဘူး”ဟု ပြောသည်။

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့ ထိုင်သပိတ်ကို မျက်ရည်ယိုဗုံး၊ မီးခိုးဗုံး အလုံး ၂၀ ကျော်အား လူထုအတွင်းသို့ ပစ်သွင်းကာ ဖြိုခွင်းခဲ့ပြီး ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် ပြုလုပ်သော ဆန္ဒထုတ်ဖော်မှုကိုလည်း သေနတ်ဖြင့် ပစ်ခတ်ကာ အကြမ်းဖက် ဖြိုခွင်းခဲ့ကြောင့် ထိုသို့ ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့၌ ယမန်နေ့ ညအချိန်ထိတိုင် ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ပြည်သူ နှစ်ဦး ထပ်မံ သေဆုံးသွားခဲ့ကြောင်း ထိုအပြင် ယမန်နေ့ ညအချိန်က ကချင်ပြည်နယ်၊ မိုးကောင်းမြို့၌ လမ်းသွားလမ်းလာများကို ခြောက်လှန့် ပစ်ခတ်ခဲ့ရာ အမျိုးသား တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး အိမ်တွင်း၌ရှိနေသည့် အမျိုးသမီး တစ်ဦး၏လက်မောင်းကို ထိမှန်ခဲ့ကာ ဒဏ်ရာပြင်းထန်သွားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယင်းအထဲတွင် စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းပြီး ၂ လ ကျော်ကာလအတွင်း စစ်တပ်နှင့်ရဲများ၏ ဖမ်းဆီး ထိန်းသိမ်း၊ အမှုဖွင့် ခံထားရသည့် သတင်းထောက် ၅၃ ဦးထိရှိလာကြောင်းလည်း သတင်းစာဆရာ ဦးမြင့်ကျော်က ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ DVB ၊ Mizzima ၊ Myanmar Now ၊ 7 days နှင့် ရန်ကုန် Khit Thit မီဒီယာများကို ထုတ်ဝေခွင့် ရုတ်သိမ်းခဲ့သည်။

Most read this week

မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...
စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...