ယခုနှစ် မာန်အောင်တွင် သီဟိုဠ်စေ့ ဈေးကောင်းရရှိ

ယခုနှစ် မာန်အောင်တွင် သီဟိုဠ်စေ့ ဈေးကောင်းရရှိ

မာန်အောင် — မာန်အောင်မြို့နယ်တွင် သီဟိုဠ်စေ့ရောင်းချမှု ယခင်နှစ်ထက် ဈေးမြင့်တက်ကြောင်း သီဟိုဠ်စိုက်တောင်သူများထံမှ သိရသည်။

၂၀၂၀ ခုနှစ်က ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုကြောင့် သီဟိုဠ်စေ့ တစ်ပိဿာကို အမြင့်ဆုံးဈေး ၈၀၀၀ ကျပ်သာ ရရှိခဲ့ပြီး ယခု ၂၀၂၁ တွင် တစ်ပိဿာကို ၁၂၀၀၀ ကျပ်အထိ ရရှိနေ၍ သီဟိုဠ်စိုက်တောင်သူများမှာ အနည်းငယ် အဆင်ပြေနေကြသည်။

သီဟိုဠ်စိုက်သူ ဦးကျော်တင်က “ မနှစ်က လုပ်သားခတောင်ပြန်မရဘူး။ မကောက်ဘဲထားခဲ့တာလဲရှိတယ်။ ဈေးကမကောင်းတော့ တောင်ပေါ်တက်ပြီးနေရတဲ့ စားစရိတ်တောင် မကာဘူးဆိုတော့ လုပ်နေလဲ မထူးဘူးလေ။ ဒီနှစ်တော့ဈေးကမဆိုးဘူး။ ပိဿာ ၅၀၀ လောက်တော့ ရောင်းရပြီးပြီ။ ” ဟု ပြောသည်။

သီဟိုဠ်စေ့ကို မတ်လနှင့် ဧပြီလကုန်ထိသာ ကောက်ယူရပြီး မိုးရွာသွန်းမှုဖြစ်လာလျှင် အစေ့မအောင်မြင်ခြင်းကြောင့် ကောက်ယူ၍မရတော့ပေ။

ယင်းကဲ့သို့ သီဟိုဠ်စေ့ ဈေးကောင်းရခြင်းမှာ တရုတ်နှင့် ထိုင်းနိုင်ငံတို့က ဝယ်ယူမှုမြင့်တက်ခြင်းကြောင့် ဖြစ်ပြီး ယခင်နှစ်က ကိုဗစ်ကပ်ရောဂါကြောင့် ဝယ်ယူမှုနည်းပါး၍ ဈေးကောင်းမရခြင်းဟု အရောင်းအဝယ်လုပ်ကိုင်သူ ကိုနိုင်နိုင်က ပြောသည်။

"မနှစ်က ဝယ်တဲ့ သီဟိုဠ်စေ့တွေ အခုတောင်ရှိသေးတယ်။ ကောင်းတော့ မကောင်းတော့ဘူးပေါ့။ ရှုံးလည်းတော်တော်ရှုံးခဲ့တယ်။ ပို့ဆောင်ဖို့အတွက်က လမ်းကြောင်းတွေက ပိတ်ထားတာဆိုတော့ ဒီနှစ်တော့ စပြီး ပို့ဆောင်နေကြရပြီ" ဟု ပြောသည်။

သို့သော်လည်း နိုင်ငံရေးတည်ငြိမ်မှုမရှိသည့်အတွက် ဈေးပြန်လည်ကျဆင်းသွားမည်ကို သီဟိုဠ်စိုက်တောင်သူများ စိုးရိမ်နေကြသည်။

မာန်အောင်မြို့နယ်တွင် သီဟိုဠ်စိုက်ခင်း ခန့်မှန်းခြေ ဧက ၄၀၀ ကျော်ရှိပြီး သီဟိုဠ်ပင်တစ်ပင် အသီးသီးရန်အတွက် ၄ နှစ်တာကြာမြင့်ကြောင်း သိရသည်။

Most read this week

မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...
စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...