စစ်အာဏာသိမ်းပြီး နှစ်လကျော်အတွင်း ဖမ်းဆီးခြင်းနှင့်အမှုဖွင့် ခံရသည့် သတင်းသမား ၅၃ ဦးထိရှိလာ

စစ်အာဏာသိမ်းပြီး နှစ်လကျော်အတွင်း ဖမ်းဆီးခြင်းနှင့်အမှုဖွင့် ခံရသည့် သတင်းသမား ၅၃ ဦးထိရှိလာ
ဓါတ်ပုံ - ၅၀၅ (က) ပုဒ်မဖြင့် အမှုဖွင့်ခံထားရသည့် အလွတ်တန်းသတင်းထောက် ကိုမြတ်ကျော်သူ။ (Photo: Mratt Kyaw Thu)
ဓါတ်ပုံ - ၅၀၅ (က) ပုဒ်မဖြင့် အမှုဖွင့်ခံထားရသည့် အလွတ်တန်းသတင်းထောက် ကိုမြတ်ကျော်သူ။ (Photo: Mratt Kyaw Thu)

စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းပြီး ၂ လ ကျော်ကာလအတွင်း စစ်တပ်နှင့်ရဲများ၏ ဖမ်းဆီးထိန်းသိမ်း၊ အမှုဖွင့် ခံထားရသည့် သတင်းထောက် ၅၃ ဦးထိရှိလာကြောင်း သတင်းထောက်များ၏ စုစည်းထားသော အချက်အလက်များကို ကိုးကားပြီး သတင်းစာဆရာ ဦးမြင့်ကျော်က ပြောသည်။

ယင်းအထဲတွင် ထိန်းသိမ်းခံထားရသူ ၂၆ ဦး၊ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့် ခံထားရသူ ၁၅ ဦးနှင့် ပြန်လည်လွတ်မြောက်လာသူ ၃၀ ဦးခန့်ရှိကြောင်း သတင်းစာဆရာ ဦးမြင့်ကျော်က ပြောသည်။

“အမှုဖွင့်တယ်ဆိုတာကတော့ သတင်းသမားတွေ အကုန်လုံးအတွက် မကောင်းဘူးပေါ့နော်။ သတင်းသမားတွေအနေနဲ့ သတင်းယူရတဲ့အပိုင်းမှာ လုံခြုံရေးစိုးရိမ်နေရတဲ့ အခြေအနေရှိတယ်။ တချို့ဆိုရင်လည်း သူ့မိသားစုတွေက သတင်းအလုပ်တွေကို ဆက်မလုပ်ဖို့ ပိတ်ပင်လာတာတွေလည်းရှိတယ်။ တချို့ဆိုရင်လည်း ကာယကံရှင်ကိုယ်တိုင်က စိုးရိမ်စိတ်တွေ ဖြစ်ပေါ်နေတာတွေရှိပါတယ်။ ဒီလိုအခြေနေမျိုးတွေ အားလုံးက သတင်းလွတ်လပ်ခြင်းတွေအားလုံးကို ဆုတ်ယုတ်မှုဖြစ်တယ်လို့ပဲ ပြောရမှာပေါ့ ” ဟု ဆိုသည်။

သတင်းထောက်အများစုမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြကြသည့် ပြည်သူများကြား သတင်းယူနေစဉ်အတွင်း ဖမ်းဆီးခံရသူနှင့် ၎င်းတို့ နေအိမ်သို့ လာရောက်ဖမ်းဆီးခံရသူများလည်းရှိနေသည်။

ယခုလို သတင်းထောက်များအား ဖမ်းဆီးထိန်းသိမ်း၊ အမှုဖွင့် နေမည်ဆိုပါက သတင်းမီဒီယာလောက ပျောက်ကွယ်သွားနိုင်ကြောင်း၊ သတင်းမီဒီယာလွတ်လပ်မှုအပိုင်းမှာလည်း အမှောင်ထုထဲရောက်သွား သလိုဖြစ်သွားကြောင်း လုံခြုံရေးအရ တိမ်းရှောင်နေရသည့် အမည်မဖော်လိုသည့် သတင်းထောက်တစ်ဦးကဆိုသည်။

“သတင်းသမားဆိုတာက လွတ်လပ်စွာ ဟိုဖက်ကော ဒီဖက်ကော အမှန်တရားကို သတင်းရေးသားပြီး ပြည်သူတွေကို ချပြရမှာလေ။ သတင်းသမားတွေကိုပဲ ဖမ်းဆီးနေတယ်ဆိုတာက ကျမတို့ကို ပစ်မှတ်ထားတယ်လို့ ပြောချင်ပါတယ်။ အခုက သတင်းသမားတွေတောင် တိမ်းရှောင်နေရတယ်ဆိုတော့ သတင်းလွတ်လပ်ခွင့်က အမှောင်ထုထဲရောက်သွားပြီပေါ့နော်။ ဒီအတိုင်းသာ ဆက်ဖြစ်နေရင် သတင်းလောကမှာ ဘယ်လိုပုံစံမျိုးနဲ့ ဆက်နေရမှာလဲ။ ကိုယ့်အတွက်ကော မိသားစုအတွက်မှာ စိုးရိမ်ရတဲ့ အခြေနေဖြစ်နေတယ်” ဟု ဆိုသည်။

ယင်းကဲ့သို့ သတင်းထောက်များအား ဖမ်းဆီး၊ အမှုဖွင့်လာသည့် အခြေအနေကို စိုးရိမ်သဖြင့် တချို့သတင်းထောက်များမှာ  အလုပ်မှနုတ်ထွက်မှုများရှိလာသည်။  

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ DVB ၊ Mizzima ၊ Myanmar Now ၊ 7 days နှင့် ရန်ကုန်  Khit Thit မီဒီယာများကို ထုတ်ဝေခွင့် ရုတ်သိမ်းခဲ့သည်။

Most read this week

မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...
စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...