ဟားခါးမြို့နယ်အတွင်းရှိကျေးရွာများတွင် ဖမ်းဝရမ်းထုတ်ခံရသူများကိုလက်မခံရန် တပ်မတော်မှာကြား

ဟားခါးမြို့နယ်အတွင်းရှိကျေးရွာများတွင် ဖမ်းဝရမ်းထုတ်ခံရသူများကိုလက်မခံရန် တပ်မတော်မှာကြား

မနေ့ Apr 5ရက်နေ့တွင် ဟားခါးမြို့နယ်အတွင်းရှိကျေးရွာများကိုစစ်သားများလှည့်လည်ခဲ့ပြီး ကျေးရွာဥက္ကဌများနှင့်ရွာလူကြီးများအား ဖမ်းဝရမ်းထုတ်ခံရသူများကို ရွာတွင်လက်မခံရန်မှာကြားခဲ့ကြောင်းသိရသည်။

"ကျွန်မတို့ရွာမှာက ဖမ်းဝရမ်းထုတ်တဲ့သူတွေကိုပြတယ်လို့ပြောတယ်၊သူတို့က တွေ့မတွေ့မေးတယ်ပြီးတော့ သူတို့ကိုရွာက လက်မခံဖို့လည်းပြောတယ်၊စစ်တပ်ဘက်က သူတို့ဘက်က ပူးပေါင်းပါဝင်ပေးဖို့ပြောတယ်လို့သိရတယ်"ဟု ကျေးရွာတစ်ရွာမှ အမည်မဖော်လိုသူတစ်ဦးမှ ပြောသည်။

ဟားခါးမြို့နယ်အတွင်းရှိ ချွန်ကျုံး၊ဆတ္တား၊သီးနမ်၊ရိန်းပီး စသည့်ကျေးရွာများတွင်လှည့်လည်ခဲ့ကြောင်းသိရသည်။

ဆတ္တာကျေးရွာမှ ဒေသခံတစ်ဦးမှ "   "  သူတို့က ဖမ်းဝရမ်းထုတ်ထားတဲ့ သူတွေကို ဓာတ်ပုံ ပုံကြီးနဲ့ ယူပြီးမှ အဲဒီလူတွေ ရွာလာလို့ရှိရင် သတင်းပို့ပေးလိုက် လို့ သူတို့ပြောတယ်။ ဖမ်းဝရမ်းထုတ်ထားတဲ့ လူတွေက နာမည်မပါပဲနဲ့ ဓာတ်ပုံနဲ့ဘဲ ပြတယ်၊ ၁၀ ယောက်လောက်ရှိမယ်ထင်တယ်၊ သေချာတော့ မကြည့်ပေးပါဘူး ကျွန်တော်တို့က။ ကျွန်တော်တို့ရွာမှာ စာသင်ပြနေတဲ့ အထက်တန်းပြ ကျောင်းဆရာမ တစ်ယောက်တော့ပါတယ်၊ အဲဒါပဲ သိတယ် ကျွန်တော်တို့က။ အဲ့ဆရာမကလည်း ကျွန်တော်တို့ရွာခံတော့ မဟုတ်ဘူးဆိုတော့လေ၊ အဲလောက်ပါပဲ။" ဟုပြောသည်။

ဟားခါးမြို့နယ်အတွင်းကျေးရွာများတွင်လှည့်လည်ချိန်တွင် စစ်ကား ၅စီးနှင့် စစ်သားများ ၂၀ဦးခန့်ပါဝင်ကြောင်းသိရသည်။

Most read this week

ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...