သင်္ကြန်အတွင်း ရခိုင်တွင်ရေကြောင်းလိုင်းများရပ်နားမည်ဖြစ်သော်လည်း ရန်ကုန်နှင့်ပျံသန်းသည့် လေကြောင်းလိုင်းများဆက်လက်ပြေးဆွဲမည်

သင်္ကြန်အတွင်း ရခိုင်တွင်ရေကြောင်းလိုင်းများရပ်နားမည်ဖြစ်သော်လည်း ရန်ကုန်နှင့်ပျံသန်းသည့် လေကြောင်းလိုင်းများဆက်လက်ပြေးဆွဲမည်

ချစ်အိလှိုင် - ရခိုင်တွင် သင်္ကြန်ကာလအတွင်း ပုဂ္ဂလိကနှင့် ပြည်တွင်း ရေကြောင်းလိုင်းများ အားလုံး ရပ်နားမည်ဖြစ်သော်လည်း ရန်ကုန်နှင့် ပျံသန်းနေသော လေကြောင်းလိုင်းများမှာ ရပ်နားမည်မဟုတ်ဟု သိရသည်။

ပုဂ္ဂလိက အမြန်ယာဉ်ရေကြောင်းလိုင်းတစ်ခုဖြစ်သည့် ရွှေပြည်တန်ရေယာဉ်လိုင်းမှာ လာမည့် ဧပြီလ ၁ဝ ရက်နေ့ကတည်းက စတင်ရပ်နားမည်ဖြစ်ပြီး ဖြစ်ပြီး မလိခရေယာဉ်လိုင်းနှင့် ပြည်တွင်းအစိုးရ ရေကြောင်း လိုင်းအားလုံးမှာ ဧပြီလ ၁၃ ရက်နေ့တွင် စတင်ရပ်နားတော့မည်ဖြစ်ကြောင်း ပြည်တွင်း ရေကြောင်း ဦးစီးဌာနမှပြည်နယ်မန်နေဂျာ ဦးအောင်လင်းက ပြောသည်။

“ကျွန်တော်တို့ပြည်တွင်းရေကြောင်းလိုင်းတွေကတော့ သင်္ကြန်ပိတ်ရက်အတွင်းမှာ ရပ်နားသွားပါမယ်။ သင်္ကြန်ရုံးပိတ်ရက်အတိုင်း ပြေးဆွဲနေတာကို ရပ်နားမှာ ဖြစ်ပါတယ်”ဟုပြောသည်။

မန်နေဂျာ ဦးစံမော်သိန်းက ရွှေပြည်တန်ရေယာဉ်လိုင်းကို  လာမည့် ဧပြီလ ၁ဝ ရက်နေ့တွင် စစ်တွေမှ အထွက်ကို ရပ်နားမည်ဖြစ်ကြောင်း၊  စစ်တွေသို့ အဝင်ရေယာဉ်လိုင်းများကို ဧပြီ ၁၁ ရက်နေ့တွင် စတင်ရပ်နားမည်ဟုပြောသည်။

“ အားလုံးပေါင်း ကိုးရက်တိတိဖြစ်သွားမှာပေါ့။ ဧပြီ ၂ဝ ရက်နေ့အထိ ပိတ်မှာဆိုတော့လေ။ သင်္ကြန်ဆိုရင် ခါတိုင်းနှစ်တွေကလည်း ပိတ်ပါတယ်။ သင်္ကြန်အတွင်းမပြေးဆွဲဘူး။ အခုတလောတော့ ခရီးသည်တွေ အတော်အသင့်များလာတာ တွေ့ရတယ်။ အိမ်ပြန်ကြတာပေါ့” ဟုပြောသည်။

စစ်တွေမြို့ Star Wave Air လေယာဉ်လက်မှတ်အရောင်းဆိုင်မှ တာဝန်ရှိသူ မငြိမ်းငြိမ်းအေးက “ သင်္ကြန်နဲ့က မပိတ်ပါဘူး။  သင်္ကြန်တွင်းရက်တွေမှာလည်း လေယာဉ် ပြေးဆွဲမှာပါ။ တစ်ခုပဲ Air Thanlwin လေကြောင်းလိုင်းတစ်ခုပဲရပ်နားမှာပါ။ သူကအခုတလော အဲဒီလေကြောင်းလိုင်းက  အခေါက်ရေ နေ့တိုင်းပြေးဆွဲတာမျိုးမဟုတ်ဘူး။ ရက်ခြားပြေးဆွဲနေတာဆိုတော့။ ကျန်တဲ့ လေကြောင်းလိုင်းတွေက အကုန်ပြေးဆွဲပါမယ်။ လက်မှတ်တွေ ရောင်းနေရပါတယ်” ဟုပြောသည်။

ဧပြီလ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့အထိ သင်္ကြန်ကာလ ရုံးပိတ်ရက် ဖြစ်သည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...