လေပြင်းတိုက်ခတ်မှုကြောင့် ပလက်ဝရှိ စစ်ဘေးရှောင်စခန်းအချို့မှ နေအိမ် ၄၀၀ ခန့် ပျက်စီး

လေပြင်းတိုက်ခတ်မှုကြောင့် ပလက်ဝရှိ စစ်ဘေးရှောင်စခန်းအချို့မှ နေအိမ် ၄၀၀ ခန့် ပျက်စီး

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ယမန်နေ့ညပိုင်းအချိန်က လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် စစ်ဘေးရှောင် စခန်းအချို့မှ နေအိမ် ၄၀၀ ခန့် ပျက်စီးမှုရှိခဲ့ကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

ပလက်ဝမြို့ပေါ်ရှိ ဝိသုတာရုံစစ်ဘေးရှောင်စခန်း၊ ဘောလုံးကွင်းစစ်ဘေးရှောင်စခန်းနှင့် စိုက်ပျိုးရေး စစ်ဘေးရှောင်စခန်းတို့တွင် ယင်းသို့ ပျက်စီးမှုရှိခဲ့ခြင်းဖြစ်သည်။

စစ်ဘေးရှောင်ဦးရေ တစ်ထောင်ကျော်ခိုလှုံနေသည့် ဘောလုံးကွင်းစစ်ဘေးရှောင်စခန်းတွင် နေအိမ် ၃၁၉ ဆောင်ရှိသည့်အနက် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၂၈၅ ဆောင် ပျက်စီးသွားခဲ့ကြောင်း စခန်းတာဝန်ရှိသူက ပြောသည်။

ယင်းအပြင် နေအိမ် ၂၃၀ ဆောင်ရှိသည့် ဝိသုတာရုံစစ်ဘေးရှောင်စခန်းတွင်လည်း နေအိမ် ၄၀ ကျော် ပျက်စီး ခဲ့ကာ စိုက်ပျိုးရေးစစ်ဘေးရှောင်စခန်းရှိ နေအိမ် ၂၀၄ ဆောင်ရှိသည့်အနက် နေအိမ် ၄၆ ဆောင် ပျက်စီးသွားခဲ့ကြောင်း သိရသည်။

စိုက်ပျိုးရေးစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးရွှေစိန်မောင်က “လေက မိနစ်(၄၀)ကျော်လောက်တိုက်ခဲ့တာ ဆိုတော့ အိမ်တွေက ခေါင်မိုးတွေရော၊အကာတွေရော အကုန်ပွင့်ထွက်သွားတယ်။  အိမ်တွေပျက်စီးသွားတော့ စစ်ဘေးရှောင်တွေလည်း တစ်ညလုံးအစိုအစွတ်ခံပြီးတော့ အဆင်ပြေသလိုနေလိုက်ရတယ်။ တစ်ချို့ဆို မိသားစုနည်းတဲ့အိမ်တွေမှာ ကိုယ်တို့အချင်းချင်းနားလည်မှုလေးနဲ့ ကပ်ပြီးနေကြသူလည်းရှိတယ်” ဟု ပြောသည်။

ပျက်စီးသွားသည့်နေအိမ်များထဲတွင် ပြန်လည်ပြုပြင်၍ရသည့်နေအိမ်များရှိသလို လုံးဝပျက်စီးသွားသည့် နေအိမ်များလည်းရှိသဖြင့် စစ်ဘေးရှောင်ကူညီရေးအသင်းများထံ အကူအညီတောင်းခံထားကြောင်း ပလက်ဝမြို့၊ ဝိသုတာရုံစစ်ဘေးရှောင်စခန်းတာဝန်ခံ ကိုတင်ဦးကပြောသည်။

“တစ်ခြားနေစရာနေရာမရှိတော့ ပြုပြင်လို့ရနိုင်တဲ့အိမ်တွေကို ကိုယ်ထူကိုယ်ထချက်ချင်းပြန်ပြင်နေကြတယ်။ လုံးဝပျက်စီးသွားတဲ့အိမ်တွေကိုတော့ သက်ဆိုင်ရာ စစ်ဘေးရှောင်ကူညီရေးအသင်းတွေ၊ တစ်ခြား အကူအညီ ပေးနေတဲ့ အဖွဲ့အစည်းတွေဆီ အကြောင်းကြားထားတယ်” ဟု ၎င်းကပြောသည်။

ဘောလုံးကွင်းစစ်ရှောင်စခန်းတာဝန်ခံ ဦးရဲတက်မောင်က ပျက်စီးသွားသည့်နေအိမ်များကို ယခုကတည်းက မပြုပြင်နိုင်ပါက မကြာမီကျရောက်လာမည့်မိုးရာသီ၌ စစ်ဘေးရှောင်များ အခက်အခဲနှင့် ရင်ဆိုင်ရနိုင်ကြောင်း ပြောသည်။

“ဒီအတိုင်းဆို နောက်ထပ်ကျနော်တို့မှာ အခက်အခဲတွေအများကြီးထပ်ရှိလာနိုင်တယ်။ ကျနော်တို့မှာ နေရပ် ကိုလည်း မပြန်နိုင်သေးဘူးဆိုတော့ အခုကတည်း နေအိမ်တွေကိုမပြင်နိုင်လိုက်ရင် မိုးရာသီမှာ ကျနော်တို့ ပိုဒုက္ခရောက်နိုင်တယ်။ ဒါပေမယ့် နေအိမ်ပြန်ပြုပြင်ဖို့ ကျနော်တို့မှာ ဝါးတွေ၊ တာပေါ်လင်စတွေ ဘာမှမရှိ သေးဘူး” ဟု ဦးရဲတက်မောင်ကပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်စခန်းတစ်ခုချင်းစီ၏ ပျက်စီးသွားသည့်နေအိမ်များကို စာရင်းပြုစုထားပြီး မြို့နယ် အုပ်ချုပ်ရေးအဖွဲ့အစည်းထံ တင်ပြအကူအညီတောင်းခံရန် စီစဉ်ထားကြောင်းလည်း ၎င်းကဆက်ပြောသည်။

ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ဦးရေ ခုနှစ်ထောင်ကျော်ရှိကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဧပြီလ ၄ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဆက်လက်တည်ရှိနေကြောင်း၊ နောက် ၂ နှစ်ရက်အတွက် ခန့်မှန်းချက်အရ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ် တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း ထုတ်ပြန်ထားသည်။

Most read this week

မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...
စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...