အိန္ဒိယက မြန်မာတွင် အကြမ်းဖက်နှိပ်ကွပ်မှုအပေါ် ရှုတ်ချလိုက်ပြီး နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် တောင်းဆို

အိန္ဒိယက မြန်မာတွင် အကြမ်းဖက်နှိပ်ကွပ်မှုအပေါ် ရှုတ်ချလိုက်ပြီး နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် တောင်းဆို
Photo - AP
Photo - AP

မြန်မာနိုင်ငံတွင် အကြမ်းဖက်နှိပ်ကွပ်မှုများအပေါ် အိန္ဒိယနိုင်ငံက ပြစ်တင်ရှုတ်ချလိုက်သည်။ ထို့ပြင် နိုင်ငံရေးအကျဥ်းသားများ ပြန်လည်လွတ်မြောက်ရေးအတွက်လည်း အိန္ဒိယက တောင်းဆိုသွားခဲ့သည်။

မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှု ပျံ့နှံ့ဖြစ်ပေါ်သင့်သည်ဟု နယူးဒေလီဘက်က ယုံကြည်ကြောင်းနှင့် နိုင်ငံတွင် ဒီမိုကရေစီစနစ် ပြန်လည်ရရှိရေးအတွက် ရပ်တည်ကြောင်း အိန္ဒိယ ပြည်ပရေးရာ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အေရင်ဒမ် ဘက်ဂ်ချီက မီဒီယာတွေ့ဆုံပွဲတစ်ခုတွင် ပြောခဲ့သည်။

ထို့ပြင် အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများကနေတဆင့် အပါအ၀င် လက်ရှိအခြေအနေကို ပြေလည်အောင် ဖြေရှင်းနိုင်ရေး ကြိုးပမ်းအားထုတ်မှုတိုင်းကို အိန္ဒိယဘက်က ထောက်ခံကြောင်း ၎င်းက ပြောခဲ့သည်။

မျှတပြီး အပြုသဘောဆောင်သော အခန်းကဏ္ဍတစ်ခုကနေ ပါ၀င်ရန် အားထုတ်မှုအဖြစ် နယူးဒေလီအနေဖြင့် ကုလလုံခြုံရေးကောင်စီ၌ နှင့် ယင်း၏ နိုင်ငံတကာ ပါ၀င်ဆွေး‌နွေးသူများနှင့်အတူ ယခုကိစ္စနှင့်ပတ်သက်ပြီး ဆက်လက် ပါ၀င်လုပ်ဆောင်မည်ဖြစ်ကြောင်း မစ္စတာ ဘက်ဂ်ချီက ပြောသွားခဲ့သည်။

Most read this week

August 7, 2026
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ အင်တိုင်းကုန်းကျေးရွာကို စစ်တပ်က Y...
August 6, 2026
မလေးရှားအစိုးရသည် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေသည့် ဒုက္ခသည် ၅,၀၀၀ ခန့်အနက် အသက်...
August 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်ရှိ ပန်ဆောင်မြို့နှင့်...
August 3, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏...