ကလေးမြို့တွင် စစ်တပ်ပစ်ခတ်ဖြိုခွင်းမူကြောင့် သေဆုံးသူ ၁၇ ဦးအထိရှိလာ

ကလေးမြို့တွင် စစ်တပ်ပစ်ခတ်ဖြိုခွင်းမူကြောင့် သေဆုံးသူ ၁၇ ဦးအထိရှိလာ

စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်တွင်စစ်တပ်ပစ်ခတ်ဖြိုခွင်းမူကြောင့်သေဆုံးသူ ၁၇ ဦးအထိရှိလာပြီဖြစ်သည်။

ဧပြီလ ၁ ရက်နေ့ ကလေး -ဂန့်ဂေါလမ်းမပေါ်မှာဖြစ်ပွားခဲ့သည့်ကလေးမြို့နယ် ငဖားကျေးရွာအနီးမှာ စစ်တပ်နဲ့ ပြည်သူကြားပစ်ခတ်မှုတွင် ဝမ်းဗိုက်ကျည်ထိတဲ့ ကလေးမြို့နယ်၊ သံဖိုရွာသား ဆလိုင်းထန်ဆန်(Salai Than Sang)-၂၆ နှစ် ယနေ့ ဧပြီ ၃ရက် ၂ နာရီတွင်သေဆုံးကြောင်း

သိရပါသည်။

လတ်တလောကလေးမြို့ပေါ်ရပ်ကွက်သပိတ်စခန်းနှင့်ကလေးမြို့နယ်အတွင်းရှိကျေးရွာများတွင်စစ်တပ်နှင့်လူထုထိပ်တိုက်တွေ့ပစ်ခတ်မူတွေကြောင့်လူသေဆုံးမူတွေရှိကာမငြိမ်မသက်မူရှိတာကြောင့်ကလေးမြို့နယ်ကမိသားစုအတော်များများချင်းတောင်ကအမျိုးတွေဆီပြန်နေကြတာကိုကလေးမြို့အထွက်လမ်းမမှာတွေ့မြင်နေရသည်။

ကလေးမြို့နယ်တွင် စစ်အာဏာသိမ်းပြီးနောက် ကျဆုံးသူ ၁၇ ဦးရှိပြီဖြစ်သည်။

Most read this week

ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...