CDM လှုပ်ရှားမှုကို အနှောင့်အယှက်ပြုသူမည်သူမဆို ထိရောက်စွာအရေးယူမည်ဟု KNU ဒူးပလာယာခရိုင်ပြော

CDM လှုပ်ရှားမှုကို အနှောင့်အယှက်ပြုသူမည်သူမဆို ထိရောက်စွာအရေးယူမည်ဟု KNU ဒူးပလာယာခရိုင်ပြော

၎င်းတို့နယ်မြေအတွင်း အာဏာဖီဆန်မှု (Civil Disobedience Movement -CDM)လှုပ်ရှားမှုကို အနှောင့်အယှက်ပြုသည့် မည်သည့် ပုဂ္ဂိုလ်မဆို ထိရောက်စွာ အရေးယူသွားမည်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ၏ ဒူးပလာယာခရိုင်(တပ်မဟာ ၆) က ယနေ့(ဧပြီ ၃ရက်) ကြေညာချက်ထုတ်ကာ ပြောဆိုလိုက်သည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အာဏာဖီဆန်မှု( CDM)လှုပ်ရှားမှုကို ရပ်တန့်သွားအောင် စစ်ကောင်စီအဖွဲ့ဝင်နှင့် လူပုဂ္ဂိုလ်အချို့သည် နည်းလမ်းအမျိုးမျိုးဖြင့် ဖိအားပေးနှောင့်ယှက်မှုများရှိသည့်အတွက် ကေအဲန်ယူ ဒူးပလာယာခရိုင်က ယခုလို ကြေညာချက်ထုတ်ကာ သတိပေးပြောဆိုလိုက်ခြင်းဖြစ်သည်။

ထို့အပြင် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရန် တောင်းဆိုဆန္ဒထုတ်ဖော်နေကြသော တိုင်းရင်းသားပြည်သူလူထုများနှင့် CDM လှုပ်ရှားမှုတွင် ပါဝင်သော ပြည်သူ့ဝန်ထမ်းများ၏ အခက်အခဲနှင့် လိုအပ်ချက်များကို မိမိတို့ တတ်နိုင်သည့်ဘက်မှ အစွမ်းကုန်ကူညီဆောင်ရွက်ပြီး အကာအကွယ်ပေးသွားမည်ဟုလည်း ကေအဲန်ယူဒူးပလာယာခရိုင်က ပြောသည်။

May 12, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတချို့တို့တွင် ယခုနှစ်နွေရာသီ...
May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...