၂၀၀၈ခြေဥ ဖျက်သိမ်းခြင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို PPST ကြိုဆိုထောက်ခံ

၂၀၀၈ခြေဥ ဖျက်သိမ်းခြင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို PPST ကြိုဆိုထောက်ခံ

ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းခြင်းနှင့် ဖက်ဒ ရယ်ဒီမိုကရေစီပဋိဉာဉ် (Federal Democracy Charter) ကြေညာချက်ကို ကြိုဆိုထောက်ခံကြောင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်ဖွဲ့ (PPST)က ပြောဆိုလိုက်သည်။

ဧပြီလ ၃ ရက်နှင့် ၄ ရက်နေ့များတွင် ပြုလုပ်ခဲ့သော PPST ၏ လက်ရှိ နိုင်ငံရေးအခြေအနေများနှင့် ပြည်တွင်းအခြေအနေများအား ဆွေးနွေးညှိနှိုင်းအစည်းအဝေးအပြီး ထုတ်ပြန်လိုက်သည့် ကြေညာချက်တွင် ထိုသို့ ဖော်ပြထားခြင်းဖြစ်သည်။

ထို့အပြင် လက်နက်မဲ့ ပြည်သူလူထုအား စစ်ကောင်စီ အကြမ်းဖက်သတ်ဖြတ်၊ ပစ်ခတ်နှိမ်နင်းမှုကို ချက်ချင်းရပ်တန့်ရန်တောင်းဆိုကြောင်း၊ ဖမ်းဆီးထိန်းသိမ်းထားသူများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန် တောင်းဆိုကြောင်းနှင့် ပြည်သူလူထုတစ်ရပ်လုံးက ဆင်နွှဲနေသည့် နွေဦးတော်လှန်ရေးအပါအဝင် ငြိမ်းချမ်းစွာ အာဏာဖီဆန်ရေး (CDM)လှုပ်ရှားမှုများအားဆက်လက် ပံ့ပိုး ကူညီမည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် -အဲန်အယ်လ်ဒီကလည်း “ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ်” ကို အတည်ပြုထောက်ခံကြောင်းနဲ့၂၀၀၈ ဖွဲ့စည်းပုံဖျက်သိမ်းခြင်းကို သဘောတူထောက်ခံကြောင်း ယမန်နေ့ (ဧပြီ ၄ရက်)က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

May 12, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတချို့တို့တွင် ယခုနှစ်နွေရာသီ...
May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...