စစ်ရှောင်များကို ကူညီမည့် ထောက်ပံ့ရေးပစ္စည်းများကို တစ်ကြိမ်စာ သယ်ဆောင်ခွင့်ရ

စစ်ရှောင်များကို ကူညီမည့် ထောက်ပံ့ရေးပစ္စည်းများကို တစ်ကြိမ်စာ သယ်ဆောင်ခွင့်ရ

ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကမ်းနံဘေး မဲ့စမ်လက်(သောလယ်ထာ)တွင် သောင်တင်နေသည့် ကရင်စစ်ရှောင်များအတွက် ကူညီမည့် ထောက်ပံ့ရေးပစ္စည်းများကို ယနေ့နံနက်ပိုင်းတွင် နယ်မြေခံထိုင်းအာဏာပိုင်များက တစ်ကြိမ်စာသယ်ဆောင်ခွင့်ပြုလိုက်ပြီဟု သိရသည်။

စစ်ရှောင်ကူညီထောက်ပံ့ရေးအတွက် လုပ်ဆောင်နေသူတစ်ဦးက “အနယ်နယ်အရပ်ရပ်က ထိုင်းလူမှုအဖွဲ့အစည်းတွေက လာပြီးညှိနှိုင်းလို့ ဖွင့်ပေးလိုက်တဲ့သဘောပါ။ အထက်က ညွှန်ကြားချက်နဲ့ ဖွင့်တာမဟုတ်ပါဘူး။ တစ်ခါစာ သယ်ဆောင်ခွင့်ပေးလိုက်တာဖြစ်တယ်။အခု လှေပေါ်တင်နေတုန်းပါပဲ” ဟု ကေအိုင်စီသို့ ပြောသည်။

ယခု စစ်ရှောင်အကူအညီအတွက် ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်မှုသည် ထိုင်းလှူမှုအဖွဲ့အစည်းများ၏ ညှိနှိုင်းမှုကြောင့်သယ်ဆောင်ခွင့်ပြုခြင်းသာဖြစ်ပြီး ထပ်မံပို့ဆောင်မည့် အကူအညီများကို ခရိုင်အဆင့်ခေါင်းဆောင်များနှင့် ညှိနှိုင်းဆွေးနွေးပြီး ခွင့်ပြုချက်ရရှိမှသာ ထပ်မံသယ်ဆောင်ခွင့်ရမည်ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

မူတြော်ရိုင်မှ စစ်ရှောင်ပြည်သူများအတွက် ပို့ဆောင်မည့် ထောက်ပံ့ကူညီမှုပစ္စည်းများ ပြီးခဲ့သည့် ဧပြီ ၃ရက်နေ့က ထိုင်း-မြန်မာနယ်စပ် မဲ့စရင်းယန်းမြို့နယ် မဲ့စလက်(သောလယ်ထာ)တွင် ရောက်ရှိခဲ့ သော်လည်း ထိုင်းအာဏာပိုင်များဘက်က နယ်စပ်ဖြတ်ကျော် သယ်ဆောင်ခွင့်မပြုသေးခြင်းဖြစ်သည်။

အဆိုပါ ထိုင်းကရင်အဖွဲ့ (KTG) နှင့် အစိုးရမဟုတ်သော အဲန်ဂျီအို အဖွဲ့အစည်းတစ်ဖွဲ့တို့က ကားအစီးရေ ၂၀ကျော်ဖြင့် တင်ဆောင်လာခြင်းဖြစ်ပြီး အခြေခံ စားသောက်ကုန်များ ဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲ ခြောက်၊ သောက်ရေ စသည့် စားသောက်ကုန်များအပြင် အခြားလူ သုံးကုန်ပစ္စည်းများလည်း ပါဝင်သည်ဟု သိရသည်။

ယခု ပို့ဆောင်ခွင့်ပြုလိုက်သော ပစ္စည်းများသည် ဧပြီလ ၃ရက်နေ့က သောလယ်ထာတွင် သောင်တင်နေသည့် ပစ္စည်းများသာဖြစ်ကြောင်း သိရသည်။

May 12, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတချို့တို့တွင် ယခုနှစ်နွေရာသီ...
May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...