မြောက်ဦးရဲစခန်းတွင် အကြမ်းဖက်မှုဥပဒေပုဒ်မဖြင့် ထိန်းသိမ်းတရားစွဲဆိုခံထားရသူတစ်ဦးသေဆုံး

မြောက်ဦးရဲစခန်းတွင် အကြမ်းဖက်မှုဥပဒေပုဒ်မဖြင့် ထိန်းသိမ်းတရားစွဲဆိုခံထားရသူတစ်ဦးသေဆုံး

ထွန်းခိုင် - ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရဲစခန်းတွင် အကြမ်းဖက်မှု ဥပဒေပုဒ်မဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူတစ်ဦး မတ်လ ၃၁ ရက်နေ့ ည ၁ဝ နာရီအချိန်တွင် သတိလစ်ပြီး ဆေးရုံ၌ သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူမှာ မြောက်ဦးမြို့နယ်၊ သပြေကန်ကျေးရွာမှ ဦးအောင်ထွန်းလှ (ခ) ဦးဆိတ်ဖားချေ (၅၈) နှစ် ဖြစ်ကြောင်း အမှုအားလိုက်ပါဆောင်ရွက်ပေးနေသူ မြောက်ဦးခရိုင် ဥပဒေ အထောက်အကူပြုအဖွဲ့မှ ရှေ့နေ ဒေါ်လှမေစုက ပြောသည်။

“ရဲစခန်းက ပြောတာကတော့ အဆုပ်မှာ ပိုးဝင်လို့ သေသွားတယ်ဆိုပြီးတော့ ပြောတယ်။ ဆေးစာတော့ မရသေးဘူး။ ဆေးစာကတော့ တစ်ပတ်လောက်စောင့်ရအုံးမယ်။ ဆေးစာရမှပဲ ဘယ်ရောဂါနဲ့ သေသွားတယ် ဆိုတာကို အတိအကျ ပြောနိုင်မှာဖြစ်ပါတယ် ” ဟုပြောသည်။

သေဆုံးသူ၏ ရုပ်အလောင်းအား ဧပြီလ တစ်ရက်နေ့တွင် မြောက်ဦးသုသာန်၌ သဂြႋုလ်ခဲ့ကြောင်း သူကဆက်ပြောသည်။

သေဆုံးသွားသူ ဦးအောင်ထွန်းလှမှာ မင်းပြားမြို့၊ ဦးစိုးတင့် ရပ်ကွက်မှ သံတို၊သံစ ရောင်းဝယ်သူ ဦးစိန်ဝင်းမောင် အသက် (၆ဝ)နှစ်နှင့်အတူ တိမ်ညိုကျေးရွာအနီးတွင် ၂ဝ၁၉ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့၌ တပ်မ ၅၅  စစ်ကြောင်းတစ်ခု၏ ဖမ်းဆီးခြင်းကိုခံခဲ့ရကြောင်း သိရှိရသည်။

ဖမ်းဆီးခံခဲ့ရပြီးနောက် ၄င်းတို့နှစ်ဦးမှာ အကြမ်းဖက်မှုဥပဒေပုဒ်မ ၅ဝ(စျ)/ ၅၂ (က)တို့ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ပြီး မြောက်ဦးရဲစခန်း အချုပ်ထဲမှနေပြီး အမှုရင်ဆိုင်နေစဉ် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

မြောက်ဦးခရိုင်အတွင်း ၎င်းတို့ အမှုအပါအဝင်အကြမ်းဖက်မှုနှင့် တရားစွဲဆိုထားသော အမှုပေါင်း ၂၄ မှုရှိကြောင်းလည်း သိရှိရသည်။

အကြမ်းဖက်မှုနှင့် တရားစွဲဆိုခံထားရသူများမှာ တရားလိုပြသက်သေများ တရားရုံးချိန်းသို့ ပုံမှန်မရောက်သဖြင့် အမှုများမှာ မလိုအပ်ဘဲ ကြန့်ကြာမှုများ ဖြစ်နေကာ နစ်နာမှုများ ရှိနေရသည်ဟု ရှေ့နေ ဒေါ်လှမေစုက ပြောသည်။

August 8, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) ဝင်ရောက်တိုက်ခိုက်လာနိုင်သည်ဟု ယူဆနေသည့် စစ်အုပ်စု...
August 7, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာ ၁၀၆ ရွာတို့တွင် ဩဂုတ်လ ၆ ရက်နေ့အထိ...
August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...
August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...