ရခိုင်မဟာသင်္ကြန်ပွဲတော်နှင့်ပတ်သက်၍ စစ်တွေမြို့နယ် လူမှုအဖွဲ့အစည်းများ ကိုယ်စားပြုကော်မတီက မြို့သူမြို့သားများသို့ မေတ္တာရပ်ခံ ပန်ကြားချက်ထုတ်ပြန်

ရခိုင်မဟာသင်္ကြန်ပွဲတော်နှင့်ပတ်သက်၍ စစ်တွေမြို့နယ် လူမှုအဖွဲ့အစည်းများ ကိုယ်စားပြုကော်မတီက မြို့သူမြို့သားများသို့ မေတ္တာရပ်ခံ ပန်ကြားချက်ထုတ်ပြန်

ဇွဲဓန - မဟာသင်္ကြန်ပွဲတော်နှင့်ပတ်သက်၍  စစ်တွေမြို့နယ် လူမှုအဖွဲ့အစည်းများ ကိုယ်စားပြုကော်မတီက မြို့သူမြို့သားများသို့ မေတ္တာရပ်ခံပန်ကြားချက် တစ်စောင်ကို ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး စစ်တွေမြို့နယ် လူမှုအဖွဲ့အစည်းများ ကိုယ်စားပြု ကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဦးကိုစိုးနိုင်(လျှပ်စစ်)က“ အခု ရခိုင်ပြည်မှာ ပြည်မနဲ့ ပြည်ပမှာရှိတဲ့ ရခိုင်သားအများစုက ရောက်လာကြတယ်။ ပြီးတော့ ရခိုင်သားတို့ အလေးထားတဲ့ သင်္ကြန်အချိန်လည်းဖြစ်တယ်။ တိုက်ပွဲကလည်း နည်းနည်း ငြိမ်နေဆိုတော့ သင်္ကြန်ပွဲက အလွန်စည်းကားမှာကို တွေ့ရတယ်။ ဆိုတော့ ဒီသင်္ကြန်က ပြီးပြည့်စုံသော သင်္ကြန်တစ်ခုတော့ မဖြစ်လာနိုင်ဘူးပေါ့။ ဘာကြောင့်ဆိုတော့ ကျနော်တို့ ရခိုင်စစ်ရှောင်ပြည်သူတွေကလည်း စစ်ရှောင်စခန်းတွေမှာ ရှိနေသေးတယ်။ စစ်ဘေးဒုက္ခသည်တွေလည်း တစ်သိန်းကျော်လောက် ရှိနေသေးတယ်။ ပြီးတော့ ဒီနိုင်ငံရဲ့ တစ်ခြားအစိတ်အပိုင်းတွေမှာလည်း ငြိးမ်းအေးမှု မရှိဘူး။ ပြည်မမှာ သေကြေပျက်စီးနေတာတွေကို တွေ့ရတယ်။ လူသားချင်း စာနာထောက်ထားတဲ့ စိတ်ဓာတ်ဟာ ရခိုင်သားတွေမှာလည်း အပြည့်အဝရှိတယ်ဆိုတာကို ပြသ သင့်တယ်လို့မြင်တယ်။ သင်္ကြန်မှာတော့ ပျော်လို့ရပါတယ်။ လူ့ဂုဏ်သိက္ခာနဲ့အညီ စည်းကမ်းရှိရှိနဲ့ ပျော်စေချင်တယ်။ အဲဒါကြောင့် ကျနော်တို့ အဖွဲ့အစည်းက အခုလို ထုတ်ပြန်ရတာ ဖြစ်တယ်” ဟု ပြောသည်။

စစ်တွေမြို့နယ် လူမှုအဖွဲ့အစည်းများ ကိုယ်စားပြုကော်မတီက မြို့သူမြို့သား များသို့ မေတ္တာရပ်ခံပန်ကြားချက် စာထဲတွင် စစ်တွေမြို့သူမြို့သားအနေဖြင့် လာမည့် မဟာသင်္ကြန်ပွဲတော်တွင် နံ့သာသွေးပွဲများ၊ ဘုရား ရေချိုးပွဲမျာ၊ သက်ကြီးပူဇော်ပွဲများ၊ ရေလောင်းခြင်းများကို ရခိုင်ရိုးရာ အစဉ်အလာမပျက် ကျင်းပသင့်သော်လည်း ရေလောင်းမဏ္ဍပ်ကြီးများ ဆောက်လုပ်ပျော်ပါးခြင်း၊ စင်မြင့်စတိတ်ရှိုးများ ပြုလုပ်သီဆိုကခုန်ခြင်း၊ ကားများပေါ်၌ ( အသံချဲ့စက် ဆောင်းဘောက်ကြီးများ) တပ်ဆင်၍ လှည့်ပတ်ခြင်းနှင့် မူးယစ်သောက်စား ပျော်ရွှင်နေပုံများကို လူမှုကွန်ယက်အွန်လိုင်းပေါ်၌ တင်ခြင်း စသည်တို့ မပြုလုပ်ကြရန် မေတ္တာရပ်ခံထားသည်။

" ဆင်းရဲဒုက္ခရောက်နေကြသူများအပေါ် လူသားချင်း သနားကြင်နာ ကိုယ်ချင်းစာသည့်စိတ်ဓာတ်မွေးမြူလျက်" ရှောင်ရှားသင့်ပါတယ်။ ဒီအတွက် မေတ္တာရပ်ခံ ပန်ကြားအပ်တာပါ” ဟု ၎င်းက ပြောဆိုသည်။

ဧပြီ ၂ ရက်နေ့ကလည်း မရမာကြီးလူငယ်ကွန်ယက်က ကြေညာချက် ထုတ်ပြန်ခဲ့သလို  မတ်လ ၃၁ ရက်နေ့က မဟာရက္ခိတအဖွဲ့ကလည်း ရခိုင်ပြည်တွင် သင်္ကြန်ပွဲတော်ရက်များအတွင်း ရခိုင်ပြည်သူ ပြည်သားများအား အပျော်အပါးလွန်ကျူးမှုအား မပြသကြရန် အသီးသီးမေတ္တာရပ်ခံ ထုတ်ပြန်ခဲ့ကြသည်။

August 8, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) ဝင်ရောက်တိုက်ခိုက်လာနိုင်သည်ဟု ယူဆနေသည့် စစ်အုပ်စု...
August 7, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာ ၁၀၆ ရွာတို့တွင် ဩဂုတ်လ ၆ ရက်နေ့အထိ...
August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...
August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...