အရေးပေါ်လူနာသယ်ယူနေသည့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်း အကူအညီလိုအပ်နေ

အရေးပေါ်လူနာသယ်ယူနေသည့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်း အကူအညီလိုအပ်နေ

စစ်တွေအခြေစိုက် ပရဟိတအဖွဲ့အစည်းတစ်ခုဖြစ်သည့်  ရွှေရောင်မေတ္တာဖောင်ဒေရှင်းတွင် အလှူရှင်များ နည်းပါးနေသဖြင့် ပရဟိတလုပ်ငန်းများလုပ်ဆောင်ရာတွင် အခက်ခဲများရှိနေကြောင်း ဖောင်ဒေးရှင်း၏ တာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါ ပရဟိတအသင်းမှာ အရေးပေါ်လူနာများသယ်ယူပို့ဆောင်ခြင်းများအပါဝင် တစ်ခြားသော ဒေသတွင်း လူမှုရေးလုပ်ငန်းများစွာကို တက်ကြွစွာ လုပ်ဆောင်နေသည့်အဖွဲ့အစည်းဖြစ်ပြီး လက်ရှိအချိန်တွင် စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်လာသည့်အတွက် အခက်အခဲတချို့ရှိနေသည်ဟု ဖောင်ဒေးရှင်း ဒု-ဥက္ကဌဖြစ်သူ ကိုသာဂီလင်းကပြောသည်။

“ ကျနော်တို့က လစဉ်ကြေးထည့်တဲ့ အလှူရှင်တွေ ဖိတ်ခေါ်တာတွေရှိတယ်။ အခုက ဆီဈေးတွေတက်လာတော့ အလှူရှင်တွေအများကြီး လိုအပ်တယ် ” ဟု ၎င်းကဆိုသည်။

အသင်း၌ အသုံးပြုနေသည့် လူနာတင်ယာဉ် ၇ စီးအတွက် တစ်လလျှင် အောက်တိန်း ၂၁၅ ဂါလံပါ ဆီပီပါ ၇ လုံးခန့်လိုအပ်ပြီး ယခင်က ဆီ ၁ ပီပါလျှင် ၁ သိန်းခွဲနီးပါးရှိခဲ့ရာမှ လက်ရှိအချိန်တွင် ဆီဈေးနှုန်းမှာ ၁ ပီပါလျှင် ၂ သိန်းကျော် အထိရှိလာသဖြင့် လူနာများ သယ်ယူရေးအပိုင်းတွင် အခက်အခဲတချို့ ကြုံတွေ့နေရသည်။

ထိုအသင်းကို မည်သည့်ကိစ္စရပ်မဆို အကူညီတောင်းလာလျှင် အချိန်နဲ့တပြေးညီဆောင်ရွှက်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး လက်ရှိတွင် အသင်းသူ၊ သားများစုစုပေါင်း ၅၀ ကျော်ရှိသည်။

ဖောင်ဒေးရှင်း ဒု-ဥက္ကဌ ကိုသာဂီလင်းက “ အသင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ အချိန်တိုင်းမှာအသင့်ရှိရမယ်၊ ပြည်သူ့တွေတစ်ခုခုဖြစ်နေရင် ကျွန်တော်တို့က အချိန်နဲ့တပြေးညီ ကယ်ဆယ်နိုင်ရမယ်။ နောက်မကျစေရဘူး။ အဲဒါဟာအသင်းရဲ့ ရည်ရွယ်ပါ ” ဟု ဆိုသည်။

ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှာ ပရဟိတလုပ်ငန်းများဆောင်ရွက်ရာ၌ အခကြေးငွေ တစုံတရာမယူဘဲ ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းလည်းဖြစ်သည်။

လက်ရှိအချိန်တွင်လည်း ရေရှားပါးနေသည့် စစ်တွေမြို့ရှိ အမျိုးသားဘုန်းတော်ကြီးကျောင်း၊ ကျေးတောကျေးရွာ၊ ငစရိုင်းချောင်းဘုန်းတော်ကြီးကျောင်း၊  ပုဏ္ဏားကျွန်းမြို့နယ် စက်မှုဇုန် စစ်ဘေးရှောင်စခန်းနှင့် မြောက်ဦးမြို့နယ် တိမ်ညှိစစ်ဘေးရှောင်စခန်းများတွင် သောက်သုံးရေးများ သွားရောက် လှူဒါန်းနေကြောင်းလည်း သိရသည်။

ယင်းအပြင်  စစ်တွေမှ ရန်ကုန်သို့ ပို့ရမည့် အရေးပေါ်လူနာများကို ကူညီနိုင်ရန်အတွက် ရန်ကုန်မြို့တွင်လည်း ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်း ပရဟိတအသင်း(ခွဲ)တစ်သင်းကိုလည်း ဖွဲ့စည်းထားကြောင်း သိရသည်။

ရွှေရောင်မေတ္တာဖောင်ဒေးရှင်း ပရဟိတအသင်းကို ၂၀၁၉ ခုနှစ် ဇွန်လ ၃၀ ရက်နေ့မှာ အသင်းဝင် ၁၀ ဦးဖြင့် စစ်တွေမြို့တွင် စတင်ဖွဲ့စည်းခဲ့ကြသည်။

ဓါတ်ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

Most read this week

မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...
စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...