ကလေးသူငယ်များအပေါ် အကြမ်းဖက်မှု ရပ်တန့်ရန် World Vision တောင်းဆို

ကလေးသူငယ်များအပေါ် အကြမ်းဖက်မှု ရပ်တန့်ရန် World Vision တောင်းဆို
ဓါတ်ပုံ - World Vision
ဓါတ်ပုံ - World Vision

မြန်မာနိုင်ငံတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်နှိမ်နင်းမှုများကြောင့် အရပ်သားပြည်သူ ၅၁၀ သေဆုံးမှုအနက် ၄၀ ကျော်မှာ ကလေးများဖြစ်နေ၍ ကလေးသူငယ်များအပေါ် အကြမ်းဖက်မှု ရပ်တန့်ရမည်ဟု World Vision မှ တောင်းဆိုသည်။

ပြီးခဲ့သည့် တပ်မတော်နေ့ မတ်လ ၂၇ ရက် တစ်ရက်တည်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ နှိမ်နင်းမှုကြောင့် သေဆုံးခဲ့ရသူ ၁၁၄ ဦးအနက် ၁၀ ဦးမှာ အရွယ်မရောက်သေးသူများဖြစ်ကြောင်း၊ မတ်လ ၃၀ ရက်နေ့အထိ ကလေး ၁၀၀၀ နီးပါးခန့်မှာ မတရားဖမ်းဆီးခံခဲ့ရသည်ဟု ခန့်မှန်းကြောင်း World Vision က ထုတ်ပြန်ထားသည်။

ကလေးများမှာ ဘေးကင်းလုံခြုံမှုရှိသည့် နေအိမ်များနှင့် လူမှုအသိုင်းအဝိုင်းများတွင် နေထိုင်သော်လည်း အကာအကွယ်ပေးရမည့် အင်အားစုများမှ ထိခိုက်စေခြင်းနှင့် သတ်ဖြတ်ခြင်းများကို ဆက်လက်ဆောင်ရွက်နေကြောင်း၊ ကလေးငယ်များနှင့် အရပ်သားများကို လုံခြုံရေးတပ်ဖွဲ့များမှ ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း၊ မျက်ရည်ယိုဗုံး၊ ရာဘာကျည်ဆန်များနှင့် စွမ်းအားများ အသုံးပြုခြင်း လက်မခံနိုင်ကြောင်း World Vision က ဆိုသည်။

ကလေးများ၏ ဘဝများတွင် ရက်စက်ကြမ်းကြုတ်မှုများနှင့် စိတ်ထိခိုက်ဖွယ်မြင်ကွင်းများသည် တစ်သက်စာ ကုစားနိုင်ခြင်းမရှိသည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာအမာရွတ်များ ကျန်နေခဲ့လိမ်မည်။

World Vision အနေဖြင့် ကလေးသူငယ်များ၏ လုံခြုံမှုနှင့် လုံခြုံစိတ်ချရမှုအပေါ် အလွန်အမင်းစိုးရိမ်ကြောင်း၊ အကြမ်းဖက်မှုကို လက်မခံနိုင်ကြောင်း၊ INGO ၏ လုပ်ငန်းဆောင်ရွက်ချက်များတွင် ကလေးများအား အကောင်းဆုံးပံ့ပိုးမှုရရှိစေရန် ရပ်တည်ဖြည့်ဆည်းသွားမည်ဖြစ်သည်။

ကြာရှည်မတည်ငြိမ်မှုက မျိုးဆက်စိတ်ပိုင်းဆိုင်ရာနှင့် လူမှုစီးပွားဘဝကို ထိခိုက်စေနိုင်ပြီး COVID 19 ကြောင့် စီးပွားရေးနှောင့်ယှက်မှုများသည် အသစ်တစ်ဖန် တစ်နိုင်ငံလုံးအနှံ့ ဆင်းရဲမွဲတေမှုနှင့် ဆင်းရဲနွမ်းပါးမှုများကို တိုးပွားစေနိုင်သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ကျည်ဆံအစစ်များအသုံးပြု၍ ကလေးသူငယ်များအပေါ် အင်အားသုံးဖြိုးခွင်းနေခြင်းသည် ကလေးများ၏ အထိအခိုက်များစွာမြင့်တက်လျက်ရှိကြောင်း၊ ဖမ်းဆီးခံရသော သို့မဟုတ် ထိန်းသိမ်းခံရသော လူအများစုသည် ဥပဒေရေးရာ အကြံဉာဏ်ယူပိုင်ခွင့်မရရှိခြင်းနှင့် အဆက်အသွယ် ဖြတ်တောက်ခြင်းတို့ကို ရင်ဆိုင်နေရကြောင်း ယူနီဆက် (မြန်မာ)မှ  မတ်လ ၂၄ ရက်နေ့က ထုတ်ပြန်ထားသည်။

ကလေးသူများအား မတရားဖမ်းဆီးချုပ်နှောင်ခြင်းနှင့် အင်အားသုံးဖြိုခွဲခြင်းကို အလွန့်အလွန် ပြင်းထန်စွာ ရှုတ်ချပြီး အကြမ်းဖက်မှုကို ချက်ချင်း ရှောင်ကြဉ်ရန် ယူနီဆက်က တောင်းဆိုထားသည်။

နိုင်ငံတော်အာဏာကို တပ်မတော်မှ ရယူသိမ်းပိုက်သည့်အတွက် အားနည်းချက်များနှင့် ဘေးဖယ်ခံထားရသော ပြည်သူများအပေါ် ဆိုးကျိုးရေရှည်သက်ရောက်မည်ကို နက်နက်ရှိုင်းရှိုင်း စိုးရိမ်ပူပန်ကြောင်း INGO အဖွဲ့ ၂၀ မှ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ထုတ်ပြန်ထားသည်။

ငြိမ်းချမ်းစွာစုဝေးခြင်း၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်းနှင့် လွတ်လပ်စွာသတင်းစီးဆင်မှုများအပါအဝင် မြန်မာနိုင်ငံရှိ လူအားလုံး၏ အခြေခံလူ့အခွင့်အရေးများကို လေးစားလိုက်နာရန်၊ ငြိမ်းချမ်းစွာဆန္ဒပြသူများ၊ ဂျာနယ်လစ်များနှင့် မီဒီယာများအား အကြမ်းဖက်မှုပုံစံအားလုံးကို ရှောင်ကြဉ်ရန် ယင်း INGO အဖွဲ့ ၂၀ က တိုက်တွန်းထားသည်။

Most read this week

မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...
စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...