KNU တပ်မဟာ-၃တွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်နှင့်ဗုံးကြဲ၍ ၁၁ဦး သေဆုံး၊ ၅ဦး ဒဏ်ရာရ

KNU တပ်မဟာ-၃တွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်နှင့်ဗုံးကြဲ၍ ၁၁ဦး သေဆုံး၊ ၅ဦး ဒဏ်ရာရ

KNU-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ-၃ ထိန်းချုပ်နယ်မြေ ဆောထိ(ရွှေကျင်)မြို့နယ်ရှိ မယ်ဒမတ်ချောင်းဖျား၊ လေချိုတောင်အနီးတွင် မတ်လ ၃၀ရက်၊ ယမန်နေ့ မွန်းလွှဲ ၃နာရီခန့်၌ စစ်ကောင်စီတပ်ဖွဲ့မှ ဂျက်တိုက်လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်သောကြောင့် သေဆုံးသူ ၁၁ဦးနှင့် ဒဏ်ရာရရှိသူ ၅ဦး ရှိသည်ဟု သိရသည်။

အဆိုပါ ဗုံးကြဲသည့်နေရာမှာ ဆောထိ(ရွှေကျင်)မြို့နယ် KNU-လက်အောက်ခံ KNLA တပ်ရင်း ၇နှင့်နီးပြီး သေဆုံး၊ ဒဏ် ရာရသူများမှာ အရပ်သားပြည်သူများဖြစ်ပြီး ဒဏ်ရာရသူ ၅ဦးတွင် KNU သစ်တောဌာန အဖွဲ့ဝင်တစ်ဦးလည်း ပါဝင်နေ ကြောင်း အဆိုပါဒေသရှိ လူမှုရေးရာအဖွဲ့ခေါင်းဆောင်တစ်ဦးမှ အတည်ပြုပြောဆိုသည်။

ထို့အပြင် ယနေ့မနက်ကလည်း အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဘက်မှ ထိုဒေသရှိ KNU လက်အောက်ခံ တပ်ရင်း ၇နှင့် ဆောထိမြို့နယ်ရုံးဧရိယာတွင် ဒရုန်းနှင့် ထပ်မံ စုံစမ်းထောက်လှမ်းနေသည်ဟုလည်း သိရသည်။

“ပထမတစ်ရက်မှာ လေယာဉ်ဗုံး လာပစ်ချတယ်။ ဒုတိယရက်မှာ ဒရုန်းနဲ့ လာစုံစမ်းထောက်လှမ်းတယ်ဆိုတော့ တော် တော်လေး သတိထားရတယ်။ အရင်တုန်းက တပ်ရင်း(၇)မှာ ဒရုန်းနဲ့စုံစမ်းတာမရှိဘူး။ အခုက ပစ်ချက်ယူဖို့လားတော့ မသိဘူး။ ခန့်မှန်းလို့တော့ မရသေးဘူး။”ဟု လူမှုရေးရာအဖွဲ့ခေါင်းဆောင်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ဖြစ်စဉ်တွင် လာရောက်ဗုံးကြဲပြီးသည်နှင့် ရွှေတူးကုမ္ပဏီ အလုပ်သမား ငါးဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့သလို ဒဏ်ရာရသူ များထဲမှ ထပ်မံ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာ သတင်းအရင်းအမြစ်များက ပြောဆိုသည်။

ဗုံးဒဏ်ကြောင့် လူထိခိုက်သေဆုံးသည့်အပြင် ဘက်ဖိုးကား ၃စီးနှင့် ဆယ်ဘီးကား ၄စီး မီးလောင်ပျက်စီးသွားပြီး တပ်ရင်း (၇)နှင့်နီးသည့် ကျေးရွာအချို့မှ ရာနှင့်ချီသော ဒေသခံလူထုမှာ ယခုအချိန်တွင် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်းလည်း သိရသည်။

May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...
May 12, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတချို့တို့တွင် ယခုနှစ်နွေရာသီ...
May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...