ဖားအံမြို့ အမှတ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးအိမ် ပစ်ခတ်ခံရ

ဖားအံမြို့ အမှတ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးအိမ် ပစ်ခတ်ခံရ

စစ်ကောင်စီက ရွေးချယ်ခန့်အပ်လိုက်သည့် ဖားအံမြို့ အမှတ် (၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးနေအိမ်ကို မတ်လ ၂၉ရက်၊ ည ၉နာရီကျော်တွင် လက်လုပ်ဗုံးဖြင့် လာရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်တွင်း သတင်းအရ သိရသည်။

ဖြစ်စဥ်မှာ အဆိုပါနေအိမ်သို့ အမည်မသိလူ ၃ဦးက ဆိုင်ကယ်ဖြင့် သွားရောက်ပစ်ထည့်ပြီးနောက် ထွက်ပြေးသွားသည် ဟု ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

“စစ်ကောင်စီက ရွေးချယ်လိုက်တဲ့ အုပ်ချုပ်ရေးမှူးအိမ်ကို လူ ၃ယောက်က လက်လုပ်ဗုံးနဲ့ပစ်တယ်။ မပေါက်သွားဘူး။ သူတို့က ဆိုင်ကယ်နဲ့ ထွက်ပြေးသွားတယ်။ မမိလိုက်ဘူး။ သူကလည်း အရင်က ရာအိမ်မှူးဖြစ်ခဲ့ဖူးတယ်။”ဟု ကေအိုင် စီသို့ ယနေ့ ပြောသည်။

မတ်လ ၂၇ရက်နှင့် ၂၈ရက်နေ့များကလည်း အခွန်ရုံးဂိုဒေါင်နှင့် အဆိုပါအမှတ်(၆) ရပ်ကွက်ရုံးထဲသို့ လက်လုပ်မိုင်းဖြင့် ပစ်ခတ်မှုများရှိသည်ဟု ၎င်းက ဆက်ပြောသည်။

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် မတ်လ ၂၇ရက်နေ့ကစပြီး လုံခြုံရေးတင်းကြပ်မှုများရှိကာ မြို့အဝင်အထွက် ဂိတ်၊ မီးပွိုင့်လမ်းဆုံတို့တွင် သွားလာနေသည့် ကား၊ ဆိုင်ကယ်များကို စစ်ဆေးမှုများရှိကြောင်း သိရသည်။

May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...
May 12, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတချို့တို့တွင် ယခုနှစ်နွေရာသီ...
May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...