ဘဏ်တွင် အကန့်အသတ်ဖြင့် ငွေကြေးရရှိမှုမှာ အကူအညီပေးရေး အေဂျင်စီများအတွက် နှောင့်နှေးစေ

ဘဏ်တွင် အကန့်အသတ်ဖြင့် ငွေကြေးရရှိမှုမှာ အကူအညီပေးရေး အေဂျင်စီများအတွက် နှောင့်နှေးစေ

ဘဏ်လုပ်ငန်းလည်ပတ်မှုစနစ် ပြတ်တောက်ခြင်းနှင့် ငွေးကြေးရရှိနိုင်မှု အကန့်အသတ်ရှိခြင်းတို့အပြင် ထောက်ပံ့ရေးလုပ်ငန်းစဉ်အပေါ် စိန်ခေါ်မှုများက အကူအညီပေးရေး အေဂျင်စီများ၏ လုပ်ငန်းများကို  နှောင့်နှေးစေကြောင်း ကုလသမဂ္ဂမှ ပြောကြားလိုက်သည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံနှင့် ပတ်သက်သော မနေ့က မတ်လ ၂၅ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူမှ ယင်းကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ကဲ့သို့သော ဒေသများရှိ လက်တလော ဖြစ်ပွားနေသည့် ပဋိပက္ခများကလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများအတွက် ခက်ခဲသော အခြေအနေကို ဖြစ်စေပါသည်ဟု အတွင်းရေးမှူးချုပ်က ဆိုသည်။

ကုလသမဂ္ဂအဖွဲ့အနေဖြင့် လူဦးရေ တစ်သန်းအား အကူအညီများပေးလျက်ရှိရာ ၎င်းတို့၏ သုံးပုံတစ်ပုံမှာ နေရပ်စွန့်ခွာနေထိုင်သူများ ဖြစ်ကြသည်။  

ကုလသမဂ္ဂအဖွဲ့သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ရေးအစီအစဉ်အတွက် ရန်ပုံငွေ နည်းပါးစွာ ရရှိခြင်းအတွက်လည်း စိုးရိမ်မိကြောင်းနှင့် လိုအပ်နေသည့် အမေရိကန် ဒေါ်လာ သန်း ၂၇၀ အနက် ၁၀ ရာခိုင်နှုန်းသာ ယခုအချိန်အထိ လက်ခံရရှိထားခြင်းဖြစ်သည်။

ဆန္ဒပြသူ ရာပေါင်းများစွာကို လွှတ်ပေးလိုက်ပြီဖြစ်သော်လည်း သတင်းသမားများနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းခေါင်းဆောင်များအပါအဝင်  တရားလက်လွတ် ဖမ်းဆီးမှုများ ဆက်လက် ဖြစ်ပွားနေခြင်းအပေါ် စိုးရိမ်နေဆဲဖြစ်ကြောင်းလည်း အတွင်းရေးမှူးချုပ်က ပြောသည်။

နိုင်ငံတော်သမ္မတ  ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးထိန်းသိမ်းခံရသူများ အားလုံးကို ပြန်လွှတ်ပေးရန်လည်း ကုလက တောင်းဆိုထားသည်။

မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများကို အနီးကပ် ဆက်လက် စောင့်ကြည့်နေပြီး ယခု ရက်သတ္တပတ်တွင် ခုနစ်နှစ်အရွယ် ကလေးငယ်တစ်ဦးကို ၎င်း၏နေအိမ်အတွင်း လုံခြုံရေးတပ်ဖွဲ့များက သတ်ဖြတ်မှုအပေါ် အလွန်အမင်း စိတ်ပျက်မိကြောင်းနှင့်  မြန်မာနိုင်ငံတွင် ဆက်လက် ကျူးလွန်နေသော လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ရာဇဝတ်မှုများ အားလုံးအတွက် တာဝန်ယူမှု တာဝန်ခံမှု ရှိရမည်ဖြစ်ပြီး အမြင့်မားဆုံးသော  ကန်သတ်ထိန်းချုပ်မှုများဖြင့် အရေးယူဆောင်ရွက်ရေးအတွက် ကုလက တောင်းဆိုထားသည်။

ပဋိပက္ခ ဖြစ်ပွားရာ ဒေသများရှိ ထိခိုက်နစ်နာလွယ်သူများအပေါ် နိုင်ငံရေးဆိုင်ရာ  ဖြစ်ပေါ်တိုးတက်မှုများ၏  အကျိုးသက်ရောက်မှုနှင့် ပတ်သက်၍  မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့က နက်ရှိုင်းစွာ စိုးရိမ်ကြောင်းလည်း ပြောကြားလိုက်သည်။

Most read this week

မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...
စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...