စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဒုရင်းမှူးတစ်ဦးအပါအဝင် ၁၀ဦး ကျဆုံးကာ ၈ ဦးဖမ်းမိဟု KNU ပြော

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဒုရင်းမှူးတစ်ဦးအပါအဝင် ၁၀ဦး ကျဆုံးကာ ၈ ဦးဖမ်းမိဟု KNU ပြော

မူတြော်(ဖာပွန်)ခရိုင်၊ သံလွင်မြစ်ကမ်းနံဘေးရှိ စစ်ကောင်စီ၏ သီးမူထာတပ်စခန်းကို ယနေ့နံနက် အစောပိုင်းက တက်ရောက်သိမ်းပိုက်ခဲ့ရာ တွင် စစ်ကောင်စီဘက်မှ ဒုရင်းမှူးအဆင့် တစ်ဦးအပါအဝင် ၁၀ ကျဆုံးပြီး ၈ ဦး အရှင်ဖမ်းဆီးရမိထားသည်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ တပ်မဟာ ၅ ဘက်က ပြောသည်။

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်-တပခ လက်အောက်ခံ ခြေမြန်တပ်ရင်း -ခမရ ၃၄၉ ၏ သီးမူထာစခန်းအား ယနေ့နံနက် ၆ နာရီမှ ၇ နာရီအထိ တစ်နာရီကြာ ကေအဲန်ယူ တပ်မဟာ ၅ တပ်ဖွဲ့ဝင်များက တက်ရောက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်ယူ တပ်မဟာ ၅ ပြောခွင့်ရ ပဒိုမန်းမန်းမန်းက ကေအိုင်စီသို့ ပြောသည်။

၎င်းက“စစ်အာဏာရှင်ကျရှုံးရေး လူထုရဲ့ တောင်းဆိုမှုအပေါ်မှာ ဒီနေ့ မတ်လ ၂၇ရက်နေ့ ဖက်ဆစ်ဂျပန်တော်လှန်ရေးနေ့နဲ့ တစ်နေ့ထဲ ကျနော်တို့ တပ်မဟာ ၅ ကနေပြီးတော့ အကောင်အထည်ဖော်တာဖြစ်ပါတယ်။ စစ်ကောင်စီဘက်က ကျဆုံးတဲ့သူတွေထဲမှာ ဒုတပ် ရင်းမှူးတစ်ဦးပါတယ်။ အရှင်ဖမ်းမိတဲ့အထဲမှာ တစ်ပွင့်တစ်ဦးပါတယ်။ တချို့ ထွက်ပြေး နေဆဲဖြစ်တယ်။ လက်နက်နဲ့အခြားပစ္စည်းအချို့ကိုလည်း သိမ်းဆည်းရရှိတယ်။ ”ဟု ပြောသည်။

ယင်းစခန်းသိမ်းတိုက်ပွဲနှင့် ပတ်သက်၍ ကေအဲန်ယူ၏ ထုတ်ပြန်ထားသည့် ဓာတ်ပုံ မှတ်တမ်းအရ ကျဆုံးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဖမ်းမိထားသည့် စစ်သုံ့ပန်း များကိုတွေ့ရှိရသလို လက်နက်ခဲယမ်းနှင့် အခြားစစ်အသုံးအဆောင်ပစ္စည်းအမြောက်အများ သိမ်းဆီးရမိထားသည်ကို တွေ့ရှိရသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် ကေအဲန်ယူ တပ်မဟာ ၅ ဘက်မှ တစ်ဦးကျဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး လက်ရှိ သီးမူထာတပ်စခန်းကိုလည်း ကေအဲန်ယူ တပ်မဟာ ၅ က သိမ်းပိုက်ထားသည်ဟု ဆိုသည်။

May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...
May 12, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတချို့တို့တွင် ယခုနှစ်နွေရာသီ...