DMO Local PDF တပ်တည်ထောင်ခြင်း (၅) နှစ်ပြည့် အခမ်းအနားပြုလုပ်

DMO Local PDF တပ်တည်ထောင်ခြင်း (၅) နှစ်ပြည့် အခမ်းအနားပြုလုပ်
ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ်
ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ်

မေလ ၆ရက်နေ့မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF)ရဲ့ တပ်တည်ထောင်ခြင်း (၅) နှစ်ပြည့် အခမ်းအနားကို မြေပြင်တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ DMO Local PDF တပ်ဆီကနေ သိရပါတယ်။

အခမ်းအနားကိုတော့ ဒေသတွင်း စစ်ရေးအခြေအနေတင်းမာမှုနဲ့ ရဲဘော်တွေရဲ့  လက်နက်ကိုင်တော်လှန်ရေး တာဝန်တွေကြောင့် အကျဉ်းချုံးသာပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အခမ်းအနားအတွင်းမှာတော့ ပြည်သူ့ကာကွယ်ရေး တပ်မတော်အလံနဲ့  ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို အလံတွေကို လွှင့်ထူအလေးပြုတာ၊ ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း မြင့်မြတ်စွာ ကျဆုံးခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို အာဇာနည်သူရဲကောင်းတွေကို အလေးပြုတာ၊ သစ္စာအဓိဋ္ဌာန်(၄)ချက် ရွတ်ဆိုတာနဲ့အတူ တော်လှန်ရေးအင်အားစုတွေကနေ ပေးပို့လာတဲ့ သဝဏ်လွှာတွေကို ဖတ်ကြားတာ စတဲ့ အစီအစဉ်တွေ ဆောင်ရွက်ခဲ့ကြတာပါ။

အခမ်းအနားကို DMO Local PDF ရဲ့ ဗဟိုကော်မတီဝင်ရဲဘော်တွေ၊ စစ်ဦးစီးရဲဘော်တွေ၊ တပ်ဗိုလ်/တပ်မှူးရဲဘော်တွေ၊ တပ်သားရဲဘော်တွေ တက်ရောက်ပါဝင်ခဲ့ကြတယ်လို့ဆိုပါတယ်။

ရှေ့ဆက်တော်လှန်ရေး မှာလည်း ဆင်းရဲဒုက္ခရင်ဆိုင်နေရတဲ့  ပြည်သူလူထုတွေကို စစ်စစ်မှန်မှန်ကာကွယ်သွားမှာ ဖြစ်ကြောင်း၊ လူထုအသံနဲ့  လူထုဆန္ဒကို အပြည့်အဝနားထောင်သွားမှာ ဖြစ်ကြောင်းအပြင်  စစ်အနိုင်တိုက်ရေး ၊ ပြည်သူလူထုကာကွယ်ရေး နဲ့ အဖိနှိပ်ခံလူမျိုးပေါင်းစုံလွတ်မြောက်ရေး ၊ တော်လှန်ရေးအဖွဲ့အစည်းများညီညွတ်ရေး ၊ အာဏာရှင်ဟူသမျှ အကုန်အစင် ပပျောက်ရေး စတဲ့ မူဝါဒ (၄) ချက်ကိုလည်း  ချမှတ်အကောင်အထည်ဖော်သွားမှာဖြစ်ကြောင်းကိုလည်း DMO Local PDF တပ်က ထုတ်ပြန်ချက်ထုတ်ပြီး ကတိပြုထားပါတယ်။

Most read this week

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...
September 7, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း အာဏာသိမ်း စစ်အုပ်စုတပ်က ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြု၍...
September 4, 2026
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့်...
September 3, 2026
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇...